(Unicode)
Chapter 7.1 - အညစ်အကြေးကျူံးအရာရှိက အချိန်ပိုလုပ်နေရတာလား
ဒီလိုထိတ်လန့်စရာပုံစံကြီးက သူလုပ်ထားတာမှန်း ဖန်းဟယ်ကတော့ ဘယ်သိပါ့မလဲ။ သူ့ဝါကျက တကယ်တော့ အရမ်းကိုနှစ်သက်စရာပဲ။ ဖရိုဖရဲဖြစ်နေတဲ့ ဇီးပွင့်ပုံသဏ္ဍာန် ကြောင်ခြေဖဝါးပုံတွေကို ထည့်မတွက်ရင် အဲ့မှာစာလုံးသုံးလုံးပဲရှိတာကြောင့် လက်ရေးရဲ့ထက်ဝက်ကျော်ကို ခင်ဗျားတို့မြင်နိုင်မှာမဟုတ်ဘူး။
ဒါပေါ့ ၊ အမှားတွေက ကမ္ဘာပျက်ကပ်ရုတ်တရက် ဖြစ်ပေါ်လာမှုကြောင့်လည်း ဖြစ်တယ် ။ သူရဲ့ ကမ္ဘာပျက်ကပ်ဆယ့်သုံးနှစ်တာကာလမှာ ၊ ဖန်းဟယ်က စကားလုံးတွေကို ထပ်မံလေ့လာဖို့ အခွင့်အရေးမရှိဘူးလေ။
ဖန်းဟယ်က စာရေးပြီးသွားပြီးနောက်၊ ခြေဖဝါးတွေပေါ်မှာ ခရမ်းချဉ်သီးဆော့တွေပေနေတဲ့ ကြောင်ကလေးက လီကျန်းရဲ့ အခန်းတစ်ဝိုက်မှာ လှုပ်လှုပ်ရွရွစဖြစ်လာပြီး လီကျန်းအခန်းရဲ့ အတွင်းအပြင်က ပစ္စည်းတွေအားလုံးကို ကြည့်နေခဲ့တယ်။ ဝမ်းနည်းစရာကောင်းတာက လီကျန်းဟာ များသောအားဖြင့် စားသောက်ဆိုင်က အစားအစာတွေကိုပဲ မကြာခဏ စားလေ့ရှိတယ်။သူက ချက်စားတာ ရှားတယ်။ မီးဖိုချောင်မှာ ဆန်လည်းမရှိ ခေါက်ဆွဲလည်း မရှိဘူး။
ဖန်းဟယ်က ရေခဲသေတ္တာတံခါးကိုဖွင့်ဖို့ ရုန်းကန်လိုက်တယ်။ သူ့ရဲ့ ငါးခြောက်ထုပ်တွေအပြင် သစ်သီးနည်းနည်း၊ ဘီယာဗူးအနည်းငယ်နဲ့ အေးခဲထားတဲ့ အစာအနည်းငယ်သာ ရေခဲသေတ္တာထဲ ရှိတယ်။
ဖန်းဟယ်က ဒေါသတကြီးနဲ့ ရေခဲသေတ္တာထဲက ခုန်ဆင်းလိုက်ပြီး အခန်းထဲ လှည့်ပတ်ကြည့်ပေမယ့်လည်း တခြားအစားအစာကို သူရှာမတွေ့ခဲ့ဘူး။ မနက်ဖြန်ရဲ့ အကြီးမားဆုံးပန်းတိုင်က လေလုံတဲ့ ထုပ်ပိုးမှုတွေနဲ့ အစားအစာ လုံလုံလောက်လောက် ပြင်ဆင်ဖို့ ဖြစ်တယ်။
အချို့အခြေစိုက်စခန်းတွေက စွန့်ပစ်ထားတဲ့မြေတွေကို အသွင်ပြောင်းပြီး ကမ္ဘာပျက်ကပ်မှာ ဆက်လက်ရှင်သန်နိုင်ဖို့ လယ်ယာလုပ်ရန် လူတွေခေါ်ကြတယ်။ သီးနှံတွေက ပြောင်းလဲနေတဲ့ ဇွန်ဘီတွေရဲ့ ကပ်ဆိုက်တဲ့ကာလအောက်မှာ အကန့်အသတ်နဲ့ ရှိနေတာကြောင့် အစားအစာက အမြဲလိုလို အလိုအပ်ဆုံးဖြစ်တယ်။
ESTÁS LEYENDO
ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓
RomanceType : web novel Genre : Adventure, romance, supernatural, yaoi Status in COO:95 chapters+2 extra(complete) novelကို အခုမှ စပြန်ဖူးတာမို့ ဘာသာပြန်တာနည်းနည်းတော့ ထောက်လိမ့်မယ် ဖတ်ရအဆင်မပြေရင် ပြောနော် ဒါလေးကို ကိုယ်permissionမတောင်းထားပါဘူး ဒါကို E...