Chapter 22.1

2.3K 413 4
                                    

Unicode

Chapter 22.1-သန်မာတဲ့ကု‌သရေးစွမ်းအင်

ဒါပေါ့၊ ဒုတိယအချက်ကိုရွေးလိုက်တာက သူတို့သေချာပေါက်ပြေးသွားရမယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။သူတို့ဘယ်လောက်မြန်မြန် သူတို့စွမ်းရည်ကဘယ်လောက်မြင့်မြင့် သူတို့ပင်ပန်းတာကိုခံစားရသေးတယ်။

အဲ့ဒီနောက်ဖန်းဟယ်က နေရာလွတ်ထဲ လီကျန်းထည့်ထားတဲ့ကားတွေကိုတွေ့လိုက်တယ်။လီကျန်းအဲ့တာတွေကို ဘယ်ကယူလာလဲတော့ သူမသိဘူး။စားသောက်ဆိုင်နားကဖြစ်နိုင်သလို ရေလှောင်ကန်နားကလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် အထဲကကားတွေကြားမှာ လမ်းကြမ်းမောင်းနိုင်တဲ့ ကားကောင်းတစ်စီးရှိတယ်။

ဖန်းဟယ် ကားကိုနေရာလွတ်ထဲကနေ ထုတ်လိုက်တယ်။ပြီးတော့သူအဲ့ကားအမိုက်စားကိုကြည့်ပြီး သရေမကျပဲမနေနိုင်တော့ဘူး။ဒီလိုကားမျိုးက ကမ္ဘာပျက်ကပ်ကာလမှာ သေချာပေါက်ရတနာတွေပဲ။ ပျက်ကပ်အစပိုင်းမှာ အဲ့ကားတွေကသာမန်ဖုတ်ကောင်တွေကို ဒီတိုင်းဖြတ်တိုက်သွားနိုင်တယ်။လမ်းအခြေအနေကိုစိတ်ပူစရာမလိုပဲကြိုက်သလိုမောင်းနိုင်တယ်။လီကျန်းဒီလိုကားမျိုးကို နေရာလွတ်ထဲ ကောက်ထည့်ထားတာ ကံကောင်းတာပဲ။

တကယ်တော့၊ ကမ္ဘာကြီးရဲ့အဆုံးသတ်ဖြစ်လာခဲ့ဖူးတဲ့အရင်ဘ၀တုန်းကတောင် ဖန်းဟယ် ကားတခါမှမမောင်းခဲ့ဖူးဘူး။ ကမ္ဘာပျက်ကပ်စတော့ သူအသက် ၈ နှစ်ပဲရှိသေးတယ်။ သူကားကိုနောက်ကပဲလိုက်စီးဖူးတာ။

ဓာတ်ခွဲခန်းထဲမှာ ၁၀ နှစ်နီးပါး ရုန်းကန်ခဲ့ရပြီး သူစမ်းသပ်ပစ္စည်းအချို့ကို ဖျက်ဆီးပြီးနောက်မှာမှ သူလွတ်မြောက်လာခဲ့တာ။ပြီးတော့ သူ့စွမ်းရည်ပေါ်မှာ မှီခိုပြီး သူကိုလိုက်ဖမ်းတဲ့ကြေးစားတွေလက်ကနေ ၃ နှစ်လောက်ပတ်ပြေးနေခဲ့ရတယ်။ အဲ့တာကြောင့် သူ့မှာ လူတွေကော ပစ္စည်းတွေနဲ့ကော အထိအတွေ့သိပ်မရှိခဲ့ရဘူး။

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်စု ဒါမှမဟုတ် အဲ့ထက်ပိုတဲ့နှစ်တွေမှာ  လောင်စာဆီတွေက အရမ်းဈေးကြီးပြီး ကားတွေကလည်း အဖွဲ့အစည်းအကြီးကြီးတွေရဲ့လက်ထဲမှာပဲ ရှိနိုင်တယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Donde viven las historias. Descúbrelo ahora