Chapter 55

2.2K 440 0
                                    

Unicode

Chapter 55- စမ်းသပ်ခန်း

လီကျန်းက ကြောက်ပြီးထွက်ပြေးသွားတဲ့ ကြောင်လေးကိုကြည့်ပြီး ရယ်လိုက်မိတယ် ။ သူက စာရွက်ပေါ်က စကားလုံးနှစ်လုံးကို ဘောပင်နဲ့ထောက်ကြည့်လိုက်ပြီး နောက်ကလိုက်သွားဖို့ ဘောပင်ကိုဘေးကိုပစ်ထုတ်လိုက်တယ်။

လူတစ်ယောက်နဲ့ကြောင်တစ်ကောင်ပေါ်လာတော့ ဆေးဆိုင်ထဲမှာ ဘယ်သူမှမရှိတော့ဘူး။ ဖန်းဟယ်က လှည့်ပတ်ကြည့်လိုက်ပြီး အပြင်ဘက်မှာ ဘယ်သူမှမရှိတော့တာကိုတွေ့တော့မှ သူက လီကျန်းကိုတစ်ချက်မော့ကြည့်လိုက်တယ်။

လီကျန်းက ကြောင်လေးနောက်ကလိုက်လာပြီး ဆေးဆိုင်ထဲကထွက်လာလိုက်ပြီးတော့ သူတို့မပြီးသေးတဲ့ခေါင်းစဉ်ကို ဆက်ပြောကြတယ်။

"ဟယ်-မြောင်က ကိုယ့်ကိုခေါင်းဆောင်ဖြစ်စေချင်တာလား"

လီကျန်းက သူ့ရဲ့ပြဿနာကိုစပြောလာတာကိုတွေ့တော့ ဖန်းဟယ်ရဲ့အကြည့်က လီကျန်းရဲ့ခြေထောက်ကနေတစ်ဆင့် လက်မောင်းကိုကြည့်ပြီးနောက် သူ့ကိုကြည့်လိုက်တယ် ။ဒါက အခြေစိုက်စခန်းတည်ထောင်တာနဲ့ပတ်သတ်ပြီး ဖန်းဟယ်ဒုတိယအကြိမ်ပြောတာပဲ။ ပထမတစ်ခါတုန်းက သူရေရေရာရာမဖြေလိုက်ဘူး။ဒီတော့ ဒါက ပထမဆုံး သူ့ရဲ့အညစ်အကြေးကျုံးအရာရှိက သူ့ကိုအဲ့ဒါနဲ့ပတ်သတ်ပြီး စပြောတာပဲ။ ဖန်းဟယ်လည်း လန့်သွားတယ်။

လီကျန်းက မသိမသာရပ်သွားတယ်။ သူ့မှာ သူ့ကြောင်လေးနဲ့ ပြောဆိုဖို့ကိစ္စတွေ အများကြီးရှိတယ်ထင်တယ်။ ကြောင်လေးရဲ့ရုတ်တရက်ပျော်သွားတဲ့အမူအရာက လီကျန်းရဲ့ရင်ဘက်ထဲမှာ ခါးသက်သက်ခံစားသွားရစေတယ်။ လီကျန်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးနောက် သူ့လက်ကိုဆန့်လိုက်ပြီး ဖန်းဟယ်ရဲ့နားရွက်ကို ပွတ်သပ်ပေးလိုက်တယ် ။ သူက သူ့ခေါင်းကိုနှိမ့်လိုက်ပြီး ဖန်းဟယ်ရဲ့ခေါင်းနဲ့ ပွတ်သပ်လိုက်တယ်။

"တောင်းပန်ပါတယ် ဟယ်-မြောင် ကိုယ်အဲ့ဒါနဲ့ ပတ်သတ်ပြီး စိတ်မဝင်စားဘူး"

"မင်းက ဘာလို့တောင်းပန်တာလဲ"

ဖန်းဟယ်က သူ့ကြောင်လက်လေးကိုယမ်းလိုက်တယ်။ သူကလည်း လီကျန်းကို ခေါင်းဆောင်ဖြစ်လာဖို့ တကယ်မ‌တွေးထားပါဘူး။ ဒါက နည်းနည်းထူး‌ဆန်းတယ်လို့ ထင်နေရုံပဲ။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Where stories live. Discover now