A𝖴𝗍𝗁𝗈Ʀ'𝗌 Ɲ𝗈𝗍Є

23.3K 299 13
                                    

#မျက်တော်ပြေ
#Author'sNote

မင်္ဂလာပါဗျာ... နီယွန်ပါ

Ongoing တွေ အရမ်းများနေလို့ ရိုက်မယ်ဆိုရင်လည်း အရိုက်သာ ခံရတော့မှာပါပဲ။ ကျွန်တော့်မှာကလည်း ရေးလက်စတွေက များနေတာကိုး။ ဒီဇာတ်လမ်းလေးကိုတော့ Monday နေ့တိုင်း Update တင်ပေးပါ့မယ်။ ကျွန်တော်ရေးသမျှ မငြီးမငြူ လိုက်ဖတ်ပေးကြတဲ့ အမျိုးတွေကိုလည်း အများကြီးချစ်ပါတယ်လို့ ​ဒီကနေပဲ ပြောလိုက်ပါရစေ။

​ဒီတစ်ခါ Author's Note ကို ရေးဖို့တွေးလိုက်တဲ့အခါ ခေါင်းထဲမှာ ဘာမှထွက်မလာခဲ့ဘူး။ အခု ရေးချင်မိတဲ့ ဇာတ်လမ်းဟာ ကျွန်တော် အရမ်းကြိုးစားပြီး ရေးပြချင်တဲ့ ဇာတ်အိမ်မျိုးပါ။ အခုချိန်မဟုတ်ဘဲ Online သေချာရပြီး အချက်အလက်တွေကို အချိန်မရွေး အလွယ်တကူရှာလို့ရနိူင်တဲ့အခြေအနေမှ ရေးချင်ခဲ့မိတာပါ။ ဒါပေမယ့် အခုတော့ ကျွန်တော် Publish လုပ်လိုက်ပါပြီ။

ဇာတ်လမ်းလေးအကြောင်း မပြောပြခင် ကျွန်တော့်အကြောင်းလေး အရင်ပြောပြချင်မိပါတယ်။ ကျွန်တော်က စစ်ကိုင်းတိုင်းရဲ့ အထင်ကရမဟုတ်တဲ့ နယ်မြို့လေးကပါ။ ​ပြောရရင် ကျွန်တော် လေးတန်းလူရည်ချွန်ဖြေတဲ့အချိန်ကနေ စရမယ်ထင်ပါတယ်။ ၂၀၀၅ ခုနှစ်လောက်ကပေါ့။ အဲ့အချိန် ဆိုင်ကယ်တွေက လူတိုင်းမစီးနိူင်ကြသေးဘူးဗျ။ အဆင်ပြေတဲ့လူတစ်ချို့လောက်ပဲ စီးနိူင်ကြတယ်။ လူရည်ချွန်ဖြေရတဲ့ကျောင်းလေးက မြို့အစွန်မှာရှိတဲ့ အထက (၄) မှာပါ။ အရမ်း အလှမ်းဝေးကြလို့ အတန်းပိုင်တွေက ဆိုင်ကယ်တွေနဲ့ အကြိုအပို့လုပ်ပေးကြပါတယ်။ ဒါပေမယ့် ကျွန်တော့်အတန်းပိုင်ဆရာက ဆိုင်ကယ်မရှိပါဘူး။ စက်ဘီးလေးနဲ့ကျောင်းတက်ကျောင်းဆင်း လုပ်ရပါတယ်။

အိမ်က ဖေဖေက ဆိုင်ကယ်နဲ့လိုက်ပို့ပေးမယ်လို့ပြောပေမယ့် ခေါင်းမာတဲ့ကျွန်တော်က ဆရာရဲ့စက်ဘီးနဲ့ပဲ အသွားအပြန်လူပ်ခဲ့ပါတယ်။ အဲ့ဒီအချိန် ကျွန်တော်တွေးမိတာက ဆရာ့​စက်ဘီးနဲ့လိုက်ရတာ မျက်နှာငယ်ရတာမို့ ဆိုင်ကယ်နဲ့သွားတယ်ဆိုတဲ့အတွေးမျိုး ဆရာ့ကို မတွေးစေချင်တာပါ။ ဒါဟာ ဆရာ့အပေါ်မှာ ကျွန်တော်ပြလိုက်မိတဲ့ ချစ်ခြင်းမေတ္တာပါပဲ။

မျက်တော်ပြေ Where stories live. Discover now