ƤAƦƬ ⑩

2.7K 123 9
                                    

လူအများစု ရေတွက်လို့မလွယ်တော့တဲ့ ကိန်းဂဏန်းတွေကို ဖော်ပြတဲ့နေရာမှာ များသောအားဖြင့် ရာခိုင်နှုန်းတွေကို သုံးတတ်ကြတယ်တဲ့။

ချစ်ခြင်းမေတ္တာကိုရော ရာခိုင်နှုန်းတွေနဲ့ တွက်ချက်လို့ရနိူင်ပါ့မလား။ တိုင်းတာလို့မလွယ်ကူတဲ့ မေတ္တာတရားမှာလည်း အကန့်အသတ်တစ်ခုတော့ ရှိရမယ် မဟုတ်လား။

လိုချင်မိတဲ့ချစ်ခြင်းမေတ္တာဟာ ရာခိုင်နှုန်းဘယ်လောက်ထိ ရှိနေမလဲဆိုတဲ့မျှော်လင့်ချက်နဲ့ စမ်းသပ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် သုညရာခိုင်နှုန်းထိ ကျဆင်းနေလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။

ဒီမိသားစုထဲကနေ လရောင်ရရှိနိုင်တဲ့ မေတ္တာတရားဟာ သုညရာခိုင်နှူန်းထက် မပိုခဲ့ဘူး။ ဘယ်တော့မှလည်း ပိုလာမှာ မဟုတ်ဘူးဆိုတာကို ရင်နာနာနဲ့ သိခွင့်ရလိုက်တယ်။

အဲ့ဒီနောက်တော့ စွန့်ပစ်ခံရခြင်းတွေ စတင်လာတော့တာပဲ။

"ထင်တာထက် ပိုစောပြီးလွတ်လာတာပဲ နေရောင်ခ"

အသံရော၊ ရုပ်ရော ထပ်တူညီတဲ့ ကိုယ်ပွားတစ်ယောက်ဆီမှာ လရောင်နဲ့မတူညီတဲ့အစိတ်အပိုင်းကတော့ အဆိပ်သင့်နေတဲ့ မျက်လုံးတွေပဲ ဖြစ်လိမ့်မယ်။

ဘယ်တုန်းကမှ သက်ညှာခြင်းဆိုတာမရှိခဲ့တဲ့ နေရောင်ခရဲ့အပြုအမူတိုင်းကို သည်းခံပေးခဲ့တယ်ဆိုတာက ညီအစ်ကိုဆိုတဲ့ ကြိုးတစ်မျှင်ကြောင့်ပဲဆိုတာ ဘယ်သူမှ မသိခဲ့ကြသလို သိဖို့လည်း မကြိုးစားခဲ့ကြဘူး။ အိမ်တော်မှာ လရောင်ရဲ့အကြောင်းကို ဘယ်သူမှ စိတ်ဝင်စားမှုမရှိခဲ့ဘူး။

ကော်လံစကို တင်းတင်းဆုပ်ကိုင်ပြီး အပေါ်ကိုမြောက်ထားတာမို့ လည်ပင်းနေရာမှာ အစ်လုအစ်ချင်ဖြစ်နေပေမယ့် လရောင် ပြုံးထားဆဲ။ မျက်လုံးတွေကို ​မှေးစင်းတဲ့ပုံစံနဲ့ကြည့်ပြီး မထီမဲ့မြင် ပြုံးထားဆဲ။ ဒါတွေဟာ နှလုံးသားရဲ့တစ်စိတ်တစ်ဒေသကနေ ထွက်ပေါ်လာတဲ့ လက်ကျန်မာနတွေပဲ ဖြစ်ရမည်။

"နိုင်ငံခြားမှာ အနေကြာလာတော့ ကိုယ့်အဆင့်ကိုယ် မသိတော့တာလား လရောင်ခ"

မျက်တော်ပြေ Where stories live. Discover now