လွန်ခဲ့သော (၁၃) နှစ်က-ဘဝမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံလာရပါစေ ကိုယ့်ဘက်မှာ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးမယ့်လူတစ်ယောက် ဘေးနားမှာရှိနေရင် အရာအားလုံးကို ရင်ဆိုင်ပစ်ဖို့ သတ္တိတွေ ရှိလာကြစမြဲ မဟုတ်လား။
ကံဆိုးစွာပဲ အဲ့ဒီလိုလူမျိုးဟာ လရောင်အတွက် တစ်ခါလေးတောင်မှ ရှိမနေခဲ့ဖူးဘူး။
လှေကားကနေဆင်းလာတဲ့ မာမီရဲ့ Pencil Heel အသံကြောင့် တင်းတင်းဆုပ်ထားတဲ့ လက်သီးကို ဖြေလျှော့ထားမိလိုက်သည်။ ဘယ်လိုပဲ ခံပြင်းနေပါစေ မာမီရှေ့မှာတော့ ဆိုးသွမ်းနေတဲ့ ပုံစံကို တစ်ခါလေးတောင်မှ မပြချင်မိပေ။
"ငါ့ရှေ့မှာ ဒီလိုမျက်နှာထားနဲ့ လာရပ်နေရဲတာက ဘယ်လိုသတ္တိမျိုးလဲ လရောင်ခ"
မာမီအသံနဲ့ အနေအထားကြောင့် တစ်ချက်တုန်သွားသော်လည်း စိတ်ကိုထိန်းထားလိုက်ရ၏။ ကျောင်းမှာဖြစ်ခဲ့တဲ့ကိစ္စက ဟိုးလေးတကျော်ဖြစ်ကာ ဆရာမိဘအစည်းအဝေးကျင်းပတဲ့အထိ ကြီးကျယ်သွားရ၏။ တစ်ဖက်က ထိခိုက်နစ်နာသူမှာ အရေးပေါ်ကုသမှုတွေခံယူလိုက်ရပြီး ICU ထဲတွင် နှစ်ရက်ကြာတဲ့အထိ နေလိုက်ရသည်။ နစ်နာသူကျောင်းသား၏ မိသားစုအသိုင်းအဝိုင်းသည်လည်း အခြေအနေတစ်ခုထိ ရှိနေတဲ့သူတွေဖြစ်တာကြောင့် လွယ်လွယ်နဲ့ ကျေအေးမပေးနိူင်။ ဒီဘက်က Yaung မိသားစု၏ အရှိန်အဝါကြောင့်သာ အချိန်တစ်ခုထိ ငြိမ်ပေးနေကြခြင်းပင်။
"ကျွန်တော်မလုပ်ခဲ့ဘူး မာမီ။ ကျွန်တော် မလုပ်ခဲ့တဲ့အရာအတွက် ဘယ်သူ့ကိုမှ မတောင်းပန်နိူင်ဘူး"
"အဲ့တာဆိုလည်း လူငယ်ထိန်းသိမ်းရေးစခန်းပဲ သွားလိုက်လေ"
"မာမီ"
တစ်ဖက်မိသားစုက ကျူးလွန်သူကိုယ်တိုင် လာရောက်တောင်းပန်ပါက ကျေအေးပေးမည်ဆိုသောကြောင့် လရောင်ကို မာမီက ဖိအားပေးနေခြင်းပင်။ ဒီလိုအဆင်ပြေသွားအောင်ထိ မာမီကြိုးစားပေးထားပေမယ့် ဒီကိစ္စတွေအားလုံးရဲ့တရားခံက နေရောင်ခမို့ ကိုယ်စား တောင်းပန်မပေးနိူင်။ ကိုယ်မလုပ်ခဲ့တဲ့အရာတစ်ခုအတွက် လည်စင်းမပေးနိူင်။
CZYTASZ
မျက်တော်ပြေ
Romansအချစ်တဲ့ ကျွန်တော့်လိုလူမျိုးကို လှုပ်မရအောင် တုပ်နှောင်နိူင်တဲ့ ကြိုးတစ်ချောင်းပဲ အရာအားလုံးကို စွန့်ပစ်ချင်လောက်တဲ့အထိ သိပ်လှတဲ့ ဘေးထွက်ဆိုးကျိုးလေးဖြစ်နေတာကတော့ ကျွန်တော့်ရဲ့ ကံကြမ္မာပဲဖြစ်လိမ်မယ်... Nion (မျက်တော်ပြေ) အခ်စ္တဲ့ ကြၽန္ေတာ့္လိုလူမ...