Part 22

3.6K 90 23
                                    

Laptop Screen အား စိုက်ကြည့်ကာ ချမ်းသူ စိတ်ဓာတ်ကျမိသည်။ Laptop မျက်နှာပြင်ပေါ်မှာ ချမ်းသူဖွင့်ထားမိသည့် Messanger chat head တွေက မှိုလိုပေါက်နေ၏။ နီးစပ်ရာ အဆက်အသွယ်တွေကို စုံစမ်းကာ ဖေဖေ့အတွက် အတက်နိူင်ဆုံးကြိုးစားနေသော်လည်း အာဏာမရှိသူမို့ သဲထဲရေသွန်ပစ်နေသလို အရာမထင်လှချေ။

ထိုစဥ် ကားဟွန်းတီးသံကြားရ၍ Laptop ကို Sleep လုပ်ထားခဲ့ကာ အိမ်အပြင်သို့ ထွက်လာခဲ့လိုက်၏။ ခြံအပြင်တွင်ရပ်နေသော အနက်ရောင်ကားလေးကြောင့် ခြေလှမ်းတို့က တုန့်ကနဲ ရပ်တန့်သွားမိသည်။ ဟောက်ဆာဂျင်ဘဝမှာ ထိုကားကိုတွေ့တိုင်း ရင်ခုန်သံတွေမြန်ခဲ့မိသမျှ အခုချိန်မှာတော့ ဘယ်လိုခံစားချက်တွေမှ ရှိမနေတော့။

"ချမ်းသူ... ကိုယ်ပါ"

ကားမှန်ချကာ လက်လှမ်းပြရင်း ပြုံးပြနေသူက ဒေါက်တာလင်းသူဦး။ ချမ်းသူ ခြံတံခါးကို ဖွင့်ပေးလိုက်သောအခါ ကားက ခြံဝင်းထဲသို့ ဝင်ရောက်လာ၏။ ဒေါက်တာလင်းသူဦးက နူးညံ့နွေးထွေးသော အပြုံးအေးလေးကို ဆင်မြန်းရင်း ကားပေါ်မှ ဆင်လာလေ၏။ ပြီးနောက် ကားနောက်ဖုံးကိုဖွင့်ကာ ကတ္ထူပုံးတစ်ပုံးအား ထုတ်ယူနေ၏။ ချမ်းသူ အိမ်ဝင်ပေါက်ရှေ့မှာပဲ ခပ်ယို့ယို့လေး ရပ်ကြည့်နေမိသည်။

"ဒါတွေက ကိုယ် Master တက်တုန်းက စုဆောင်းခဲ့တဲ့ မှတ်စုတွေလေ။ ခွဲစိတ်ဆရာဝန်ပေါက်စဘဝတုန်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ အတွေ့အကြုံတွေကိုလည်း မှတ်စုသေချာရေးထားခဲ့တယ်။ ချမ်းသူရဲ့စာတမ်းအတွက် အသုံးဝင်မယ်ထင်လို့"

ချမ်းသူ ဒေါက်တာ့လက်ထဲမှ ကတ္ထူပုံးအား လက်လွှဲယူလိုက်၏။

"ကျေးဇူးပါ ဒေါက်တာ"

ချမ်းသူရဲ့မျက်နှာထားက ပကတိအရောင်တွေကင်းနေလိမ့်မည်။ ထိုသည်ကလည်း တမင်လုပ်ယူထားခြင်းမဟုတ်။ ရင်ထဲမှ

သူ့အလိုလို ဖြစ်တည်လာသော ခံစားမှုပင်။ အမှန်တော့ ဒီကိစ္စတွေဟာ ဒေါက်တာလင်းသူဦးရဲ့ အပြစ်ကြီးပဲလို့လည်း ပုံချ၍မရပါ။ ဒါကို ချမ်းသူ ကောင်းစွာနားလည်ပေမယ့် မသိစိတ်ထဲမှာတော့ ဒေါက်တာ့ကို အပြစ်တင်နေမိသည်။

You've reached the end of published parts.

⏰ Last updated: Aug 09 ⏰

Add this story to your Library to get notified about new parts!

မျက်တော်ပြေ Where stories live. Discover now