Part 18

1K 50 1
                                    

အချစ်ဆိုတဲ့အရာက အရမ်းကို ပဥ္စလက်ဆန်တဲ့ လှည့်စားမှုတစ်ခုပဲ ဖြစ်လိမ့်မယ်ထင်တယ်။

ဘယ်လောက်ပဲထိန်းချုပ်ထားပါစေ၊ ဘယ်လောက်ပဲ ပိတ်လှောင်ထားပါစေ၊ ဘယ်လောက်ပဲ လစ်လျူရှူထားပါစေ တစ်ချက်လေးသတိလက်လွတ်ဖြစ်လိုက်တာနဲ့ မထင်မှတ်ထားတဲ့ထောင့်ချိုးနေရာကနေ ချက်ချင်းဝင်ရောက်လာပြီး အချိန်အတိုလေးအတွင်းမှာပဲ နှလုံးသားတစ်ခုလုံးကို မောင်ပိုင်စီးပစ်လိုက်တော့တာပဲ။

အဲ့လိုပဟေဠိဆန်တဲ့အချစ်က ဆေးရုံတစ်ခုရဲ့ Vip ခန်းတစ်ခုထဲမှာ အစပြုခဲ့တယ်လေ။

ခါးမှာ ဒဏ်ရာရှိနေပေမယ့် အဖြေရှာစရာပုစ္ဆာတွေများလွန်းလို့ အပြင်ထွက်ဖို့ပဲတာဆူနေတဲ့ ကိုယ့်ရဲ့စိတ်တွေကို ရုတ်တရက် ရပ်တန့်သွားစေတဲ့ အခိုက်အတန့်တွေပေါ့။ အဲ့ဒီနေရာမှာ ပန်းတွေပွင့်မနေဘူး။ လိပ်ပြာလေးတွေဝဲပျံမနေဘူး။ မင်းပဲ ရှိနေခဲ့တာ။

နှစ်ဆယ့်သုံးနှစ်နီးပါး ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ နှလုံးသားက တံခါးပေါက်ကနေ ထွက်ပေါ်လာတဲ့ မျက်နှာလေးကြောင့် ကိုယ့်ကို သစ္စာဖောက်ပြီး တရှိန်ထိုး ထခုန်ဖူးတယ်။ လှုပ်ရှားမှုတွေအားလုံး ရပ်တန့်သွားပြီး အဲ့ဒီပုံရိပ်လေးကိုပဲ ပျောက်ကွယ်သွားမှာစိုးမတတ် ငေးမောမိတဲ့အထိ သတိလက်လွတ်ဖြစ်သွားတာ ကိုယ့်ဘဝမှာ ပထမဆုံးပဲ ဖြစ်လိမ့်မယ်။

ခပ်အုံ့အုံ့ဆံပင်လေးတွေက လှုပ်ရှားမှုတိုင်း ယိမ်းခါနေတတ်ပြီး အရောင်တလက်လက်တောက်ပနေတဲ့ မျက်ဝန်းတွေက ကြယ်လေးတွေလို လှပနေတယ်။ ပန်းရောင်သန်းနေတဲ့အသားအရေက သန့်စင်လွန်းလို့ Duty coat အရောင်နဲ့တောင် မှားမှာစိုးရတဲ့အထိပဲ။ သိရဲ့လား။ မင်းက အဲ့ဒီလောက်ထိ သန့်စင်နေတာ။

လူတစ်ယောက်ကိုချစ်မိဖို့ အကြောင်းအရာတွေ များများစားစား မလိုလှဘူးလို့ ကိုယ်တွေးမိတယ်။

နာမည်ဘယ်သူလဲ။ ဘယ်သူ့သားသမီးလဲ။ အသက်ဘယ်လောက်လဲ။ ဘယ်ဘာသာကို ကိုးကွယ်တာလဲ။ အဲ့လိုကိုယ်ရေးအကျဥ်းတွေက အချစ်ရဲ့ဟိုးအဝေးကြီးမှာ နောက်ကောက်

ကျန်ခဲ့တယ်။

ချစ်မိသွားတဲ့အချိန်မှာ အဲ့ဒီအရာတွေက သိပ်အရေးမပါတော့ဘူး။

မျက်တော်ပြေ Where stories live. Discover now