လူနာတင်ယာဥ်၏ အချက်ပေးဥဩသံသာ ဆေးရုံဝန်းတစ်ခုလုံး ကြီးစိုးနေ၏။ မကြာခင်က တိတ်ဆိတ်ခြင်းကြီးစိုးနေသော ဆေးရုံ၏ဆင်ဝင်သည် ခဏလေးမှာပင် လူပေါင်းများစွာ ရှုပ်ခတ်သွားသည်။ ရပ်လိုက်သောလူနာတင်ကားနှစ်စီးအနက် တစ်စီး၏ အနောက်ဖက်တံခါးကိုဖွင့်လိုက်ချိန် အပြင်ထုတ်လာသော Ambulance Stretcher ပေါ်မှ လူငယ်တစ်ဦး။ နုငယ်သော မျက်နှာလေးနှင့် မလိုက်ဖက်စွာ စွန်းထင်းနေသော သွေးစက်များက မြင်၍မကောင်း။ Oxygen Mask တပ်ထားသော်လည်း Blood Pressure များ တောက်လျှောက်ကျနေတာကို ကားထဲရှိ Monitor မှတဆင့် မြင်နေရ၏။
အနည်းငယ်လှုပ်ရှားသွားမိသော စိတ်အဟုန်သည် စိုးရိမ်ပူပန်ခြင်းများလား။ သို့တည်းမဟုတ် တစ်ခြားသောခံစားချက်တစ်ချို့တစ်ဝက်ကို ကိုယ်စားပြုနေခြင်းများလား။ Stretcher ပေါ်မှ သွေးတွေစွန်းထင်းနေသော ပုံဏ္ဍာန်ဟာ တစ်ခုခုကို ခြိမ်းခြောက်နေသလို ရင်ဘတ်တွေ နာလှ၏။
"ဒေါက်တာငြိမ်းချမ်းသူ..."
ဆေးရုံဝန်းထမ်းတစ်ဦး၏ အာမေဋိတ်သံကိုကြားမှ ထိုနေရာကနေ လှည့်ထွက်ဖို့ သတိရသွားမိသည်။ ဒီနေရာမှာ ရှိနေဖို့မလိုတော့။ ဒီဆေးရုံရဲ့ အတော်ဆုံးဆရာဝန်က ဒေါက်တာချမ်းသူကို ရအောင်ကယ်တင်လိမ့်မည်။ ဒါဆို စိတ်ချလို့ရပြီ။
နောက်ကို ခြေလှမ်းတွေဆုတ်ရင်း လူအုပ်ထဲကနေ တိုးထွက်ခဲ့လိုက်၏။ ဇူလိုင်လဆန်းရဲ့ မိုးဖွဲလေးတွေက ကြိုဆိုနှုတ်ဆက်နေတာကို ဂရုမစိုက်ဘဲ Hoodie မှာပါတဲ့ ခေါင်းစွပ်အား စွပ်ချပြီး ခပ်လေးလေးခြေလှမ်းတွေနဲ့သာ ပြန်ခဲ့လိုက်မိ၏။ လက်သီးတွေကို တင်းတင်းဆုပ်ကာ ဦးတည်လိုက်သော အရပ်ဒေသက အိမ်ဆိုသော နေရာဌာနဆီသို့ပင် ဖြစ်၏။
ရွေးချယ်မှုဆိုတာ လောကကြီးကပေးထားတဲ့ အခွင့်အရေးတစ်ခုပဲ။ တစ်ချို့အရာတွေက မှားသွားလျှင် ပြန်ရွေးချယ်ခွင့် ရှိတတ်ပေမယ့် တစ်ချို့သောအရာတွေကတော့ တစ်သက်မှာ တစ်ခါသာ ရွေးချယ်ခွင့်ရှိကြတယ်။
ဒါပေမယ့် ကံကြမ္မာကို ဆန့်ကျင်ပြီး ရွေးချယ်ခြင်းမျိုးကတော့ ဟိုးတုန်းကလည်း မရှိခဲ့သလို အခုလည်း ရှိမနေခဲ့ဘူး။
အထူးသဖြင့် ဒေါက်တာနဲ့တွေ့ဆုံခွင့်ရမယ့် ကံကြမ္မာကို ကျွန်တော် မရွေးချယ်နိူင်ခဲ့ဘူး။
................................
ONion (01/01/2024)(Zawgyi)
လူနာတင္ယာဥ္၏ အခ်က္ေပးဥဩသံသာ ေဆး႐ုံဝန္းတစ္ခုလုံး ႀကီးစိုးေန၏။ မၾကာခင္က တိတ္ဆိတ္ျခင္းႀကီးစိုးေနေသာ ေဆး႐ုံ၏ဆင္ဝင္သည္ ခဏေလးမွာပင္ လူေပါင္းမ်ားစြာ ရႈပ္ခတ္သြားသည္။ ရပ္လိုက္ေသာလူနာတင္ကားႏွစ္စီးအနက္ တစ္စီး၏ အေနာက္ဖက္တံခါးကိုဖြင့္လိုက္ခ်ိန္ အျပင္ထုတ္လာေသာ Ambulance Stretcher ေပၚမွ လူငယ္တစ္ဦး။ ႏုငယ္ေသာ မ်က္ႏွာေလးႏွင့္ မလိုက္ဖက္စြာ စြန္းထင္းေနေသာ ေသြးစက္မ်ားက ျမင္၍မေကာင္း။ Oxygen Mask တပ္ထားေသာ္လည္း Blood Pressure မ်ား ေတာက္ေလွ်ာက္က်ေနတာကို ကားထဲရွိ Monitor မွတဆင့္ ျမင္ေနရ၏။
အနည္းငယ္လႈပ္ရွားသြားမိေသာ စိတ္အဟုန္သည္ စိုးရိမ္ပူပန္ျခင္းမ်ားလား။ သို႔တည္းမဟုတ္ တစ္ျခားေသာခံစားခ်က္တစ္ခ်ိဳ႕တစ္ဝက္ကို ကိုယ္စားျပဳေနတာျခင္းမ်ားလား။ Stretcher ေပၚမွ ေသြးေတြစြန္းထင္းေနေသာ ပုံ႑ာန္ဟာ တစ္ခုခုကို ၿခိမ္းေျခာက္ေနသလို ရင္ဘတ္ေတြ နာလွ၏။
"ေဒါက္တာၿငိမ္းခ်မ္းသူ..."
ေဆး႐ုံဝန္းထမ္းတစ္ဦး၏ အာေမဋိတ္သံကိုၾကားမွ ထိုေနရာကေန လွည့္ထြက္ဖို႔ သတိရသြားမိသည္။ ဒီေနရာမွာ ရွိေနဖို႔မလိုေတာ့။ ဒီေဆး႐ုံရဲ႕ အေတာ္ဆုံးဆရာဝန္က ေဒါက္တာခ်မ္းသူကို ရေအာင္ကယ္တင္လိမ့္မည္။ ဒါဆို စိတ္ခ်လိဳ႕ရၿပီ။
ေနာက္ကို ေျခလွမ္းေတြဆုတ္ရင္း လူအုပ္ထဲကေန တိုးထြက္ခဲ့လိုက္၏။ ဇူလိုင္လဆန္းရဲ႕ မိုးဖြဲေလးေတြက ႀကိဳဆိုႏႈတ္ဆက္ေနတာကို ဂ႐ုမစိုက္ဘဲ Hoodie မွာပါတဲ့ ေခါင္းစြပ္အား စြပ္ခ်ၿပီး ခပ္ေလးေလးေျခလွမ္းေတြနဲ႕သာ ျပန္ခဲ့လိုက္မိ၏။ လက္သီးေတြကို တင္းတင္းဆုပ္ကာ ဦးတည္လိုက္ေသာ အရပ္ေဒသက အိမ္ဆိုေသာ ေနရာဌာနဆီသို႔ပင္ ျဖစ္၏။
ရွေးချယ်မှုဆိုတာေလာကႀကီးကေပးထားတဲ့ အခြင့္အေရးတစ္ခုပဲ။ တစ္ခ်ိဳ႕အရာေတြက မွားသြားလွ်င္ ျပန္ေ႐ြးခ်ယ္ခြင့္ ရွိတတ္ေပမယ့္ တစ္ခ်ိဳ႕ေသာအရာေတြကေတာ့ တစ္သက္မွာ တစ္ခါသာ ေ႐ြးခ်ယ္ခြင့္ရွိၾကတယ္။
ဒါေပမယ့္ ကံၾကမၼာကို ဆန့္က်င္ၿပီး ေ႐ြးခ်ယ္ျခင္းမ်ိဳးကေတာ့ ဟိုးတုန္းကလည္း မရွိခဲ့သလို အခုလည္း ရွိမေနခဲ့ဘူး။
အထူးသျဖင့္ ေဒါက္တာနဲ႕ေတြ႕ဆုံခြင့္ရမယ့္ ကံၾကမၼာကို ကြၽန္ေတာ္ မေ႐ြးခ်ယ္နိူင္ခဲ့ဘူး။
................................
ONion (01/01/2024)
YOU ARE READING
မျက်တော်ပြေ
Romanceအချစ်တဲ့ ကျွန်တော့်လိုလူမျိုးကို လှုပ်မရအောင် တုပ်နှောင်နိူင်တဲ့ ကြိုးတစ်ချောင်းပဲ အရာအားလုံးကို စွန့်ပစ်ချင်လောက်တဲ့အထိ သိပ်လှတဲ့ ဘေးထွက်ဆိုးကျိုးလေးဖြစ်နေတာကတော့ ကျွန်တော့်ရဲ့ ကံကြမ္မာပဲဖြစ်လိမ်မယ်... Nion (မျက်တော်ပြေ) အခ်စ္တဲ့ ကြၽန္ေတာ့္လိုလူမ...