ကားဟွန်းကို အဆက်မပြတ်တီးနေပေမယ့် အထဲမှ ဘာတုံ့ပြန်မှုမှ ထွက်ပေါ်မလာ။ ချမ်းသူသာ စိတ်ကို ထိန်းမထားလျှင် ထိုခြံတံခါးအား ကားဖြင့် ပစ်တိုက်လိုက်မိတော့မည်။
တဖြည်းဖြည်း မည်းမှောင်လာသော တိမ်တောင်များက ချမ်းသူရဲ့စိတ်ခံစားချက်ကို နားလည်နေသယောင် ညှို့မှိုင်းနေ၏။ လက်ထဲကဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ကားဟွန်းကို ထပ်တီးလိုက်၏။ ခံပြင်းလွန်းတဲ့စိတ်က ရင်ဘတ်တစ်ခုလုံး ဆုတ်ဖြဲနေသလို ခံစားရတာကြောင့် ကျလုကျချင်ဖြစ်နေသော မျက်ရည်တွေကို အတတ်နိူင်ဆုံး တင်းထားမိလိုက်၏။
"ဦးထူးငြိမ်းသာနာမည်နဲ့ဖွင့်ထားတဲ့ ဘဏ်အကောက်ထဲမှာ ပြီးခဲ့တဲ့ရက်က ငွေသိန်းငါးထောင် ဝင်ထားတဲ့မှတ်တမ်းရှိနေတယ်။ ဒီပိုက်ဆံတွေ ဘယ်လိုရလာတယ်ဆိုတာကို ဒေါက်တာ့ဘက်က တိကျသေချာတဲ့ အကြောင်းပြချက် မပေးနိုင်မချင်း ဒီအမှုကို ကျွန်တော်လက်ရှောင်ပါရစေ"
အစိုးရရှေ့နေ၏စကားကို နားထဲပြန်ကြားယောင်လာပြီး ချမ်းသူ တောက်တစ်ချက်ခေါက်လိုက်မိ၏။ ဒါက ဘယ်လိုမဖြစ်နိုင်တဲ့ ကိစ္စကြီးလဲ။ တမင်သက်သက် ထောင်ချောက်ဆင်ဖမ်းတဲ့ အကွက်တွေဆိုတာ ချမ်းသူ သေချာသိနေ၏။
ဒီလိုမျိုး မတရားလုပ်တာကိုတော့ ချမ်းသူ လုံးဝလက်မခံနိူင်။
ထိုစဥ် Security ဝတ်စုံနှင့် ဦးလေးကြီးတစ်ယောက် လူဝင်တံခါးကိုဖွင့်ကာ အပြင်သို့ထွက်လာ၏။ Yaung အိမ်တော်၏ ခြံဝန်းကြီးက ကျယ်လွန်းတာကြောင့် ခြံတံခါးနဲ့ အိမ်တော်က အတော်လေးလှမ်း၏။
"ဘယ်သူနဲ့တွေ့ချင်လို့လဲ မသိဘူး"
"ဒေါ်နီလာမိုးတိမ်ဆီကို လာတာပါ"
"ခဏလေးစောင့်ပေးပါဗျ။ သူဌေးကတော်ကို ကျွန်တော် လှမ်းပြောလိုက်ပါဦးမယ်"
ချမ်းသူ အဲ့လောက်ထိ စိတ်ရှည်မနေ။
"ကျွန်တော်ဘယ်သူလဲဆိုတာရော သိရဲ့လား"
"ဘယ်သူလဲ မသိဘူး"
"ဒေါ်နီလာမိုးတိမ်ရဲ့ Personal Doctor ပါ။ မြန်မြန်လာပေးပါလို့ ဖုန်းဆက်ခေါ်ထားတာပဲ။ တကယ်လို့ နောက်ကျနေတဲ့အကြောင်းအရင်းကိုမေးလာရင် ဦးလေးနာမည်ကို ပြောပြလိုက်လို့ရတယ်မလား"
KAMU SEDANG MEMBACA
မျက်တော်ပြေ
Romansaအချစ်တဲ့ ကျွန်တော့်လိုလူမျိုးကို လှုပ်မရအောင် တုပ်နှောင်နိူင်တဲ့ ကြိုးတစ်ချောင်းပဲ အရာအားလုံးကို စွန့်ပစ်ချင်လောက်တဲ့အထိ သိပ်လှတဲ့ ဘေးထွက်ဆိုးကျိုးလေးဖြစ်နေတာကတော့ ကျွန်တော့်ရဲ့ ကံကြမ္မာပဲဖြစ်လိမ်မယ်... Nion (မျက်တော်ပြေ) အခ်စ္တဲ့ ကြၽန္ေတာ့္လိုလူမ...