Part 17

1.1K 56 4
                                    

နားထဲကိုဝင်လာတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာအသံတွေကြောင့် လရောင်ရဲ့ ဖြောင့်တန်းနေသော မျက်ခုံးများက တွန့်လူးသွားကြ၏။ တဒုန်းဒုန်းရိုက်နှက်နေသော ထိုအသံများက ခပ်ဖွဲဖွဲကျနေသော ရန်ကုန်မိုးစက်လေးတွေကိုမှအားမနာ သာယာတဲ့မနက်ခင်းလေးအား ဖျက်စီးနေသလိုပင်။

"နိုးနေရင်တော့ ထတော့။ အပျင်းကြီးမနေနဲ့"

ဝေဦးထွဋ်က ခပ်ဖွဖွဖြစ်နေသောဆံပင်ကို ခေါင်းလိမ်းဆီနှင့်သေချာဖြီးနေပြီး လန်းဆန်းတက်ကြွနေသောပုံစံဖြင့် လရောင်အား လှမ်းပြောလေ၏။

"အပြင်သွားမလို့လားထွဋ်"

အပျင်းတစ်ချက်ဆန့်လိုက်ရင်း အကြောတွေအား လျှော့လိုက်ရင်း ထွဋ်အား မေးခွန်းထုတ်မိ၏။

"အလုပ်သွားရမယ်လေ။ နောင်အနာဂတ်မှာ ကိုယ်ချစ်ရတဲ့သူတွေကို တင့်တောင်းတင့်တယ်ထားနိူင်ဖို့ ငါရဲ့ဟောဒီညာလက်ရုံးကြီးနဲ့ကြိုးစားမှာရကွ။ မင်းလည်း ငါ့ကိုအတုယူဖို့ကြိုးစား"

"ငါက ဘာလို့မင်းကို အတုယူရမှာလဲ"

"မပြောတတ်ဘူးလေ။ မင်းမှာလည်း တင်းတင်းပွေ့ဖက်ထားရမယ့် အနာဂတ်လေးများ ရှိနေမလားလို့ပေါ့"

ထွဋ်က ဘယ်အချင်းအရာကို ဦးတည်နေလဲဆိုတာ လရောင်ရိပ်မိစွာပင် ပြုံးလိုက်မိ၏။ တစ်ခါလောက်လေး ဖက်လိုက်မိပါတယ်။ လရောင်ခဗျာ အပြောခံရလို့ကို မဆုံးတော့။

"သွားစမ်းပါ"

အသံကိုထိန်းပြောလိုက်သော်လည်း အနည်းငယ်တုန်ခါသွားသော လရောင်ရဲ့အသံကို ထွဋ်က သတိထားမိသွားသလား မပြောတတ်။ အမည်မဖော်တတ်သော အပြုံးမျိုးဖြင့် လရောင်ရှိရာ အိပ်ရာပေါ်သို့ ချဥ်းကပ်လာ၏။

"ဘယ်အချိန်ထိ မင်းရဲ့နှလုံးသားကို လျစ်လျူရှူနေဦးမှာလဲ။ ရည်းစားလေးဘာလေး မထားကြည့်တော့ဘူးလား"

"စောစောစီးစီး ထွဋ်ရာ။ ဘာတွေလာပြောနေတာလဲ"

"ငါ အမြဲတွေးနေတာရှိတယ် လရောင်။ မင်း အခုချိန်ထိ ရည်းစားမထားရသေးတဲ့အကြောင်းပြချက်က သပ်သပ်ရှိနေတယ်မလား"

မျက်တော်ပြေ Where stories live. Discover now