𝗬𝗮𝗻𝗴𝗼𝗻 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗔𝗶𝗿𝗽𝗼𝗿𝘁
လေယာဥ်ပြတင်းပေါက်ကနေမြင်နေရသော ရန်ကုန်မြို့ကြီးသည် လရောင်ကို ခပ်စိမ်းစိမ်းပဲ ကြိုဆိုနေ၏။ လွန်ခဲ့တဲ့ ၁၃ နှစ်ကထက် များစွာတိုးတက်ပြောင်းလဲလာသော အခြေအနေများသည် အမိမြေကို စိမ်းသက်သွားစေပေမယ့် ကိုယ့်ဌာနေကို ပြန်ရောက်လာတဲ့ နယ်နှင်ခံရသူတစ်ယောက်အနေနဲ့ကတော့ ဒီရေဒီလေကို တရင်းတနှီးဖြင့် ရှူရှိုက်သုံးဆောင်နေချင်ပြီ။ ဒီဆန္ဒဟာ အသွေးအသားထဲကနေ တမြေ့မြေ့တောက်လောင်နေသည်မှာ ကာလတစ်ခုအနေနဲ့တောင် ကြာနေပြီဖြစ်၏။
လေယာဥ်က ပေ ၁၁၂၀၀ ရှည်လျားသော လေယာဥ်ပြေးလမ်းပေါ်ရောက်သွားတဲ့အချိန်မှာ လရောင်ရဲ့ရင်ခုန်သံတွေက အတိုင်းအဆမဲ့နေလျက်။ အမြဲတမ်းမျှော်လင့်နေခဲ့ရတဲ့အချိန်ကို ရောက်ရှိလာခဲ့ရပြီ မဟုတ်လား။ မနေ့က မာမီနဲ့ဖုန်းပြောပြီးနောက်မှာ အမြဲတမ်းစောင့်စားနေခြင်းဟာ အဖြေတစ်ခုမဟုတ်ခဲ့မှန်း တိတိကျကျသိခွင့်ရခဲ့သည်။ ထို့ကြောင့် ကိုယ်တိုင်လုပ်ယူမှရမယ့်ကိစ္စတွေကို စောင့်ဆိုင်းခြင်းဖြင့် အချိန်မဖြုန်းလိုတော့။
နာရီကိုကြည့်လိုက်တော့ ညနေ ၆ နာရီစွန်းစွန်း။ အချိန်အားဖြင့် Right Time ရောက်လာခဲ့တာဆိုပေမယ့် ၁၄ နာရီကျော်ကြာအောင် လေယာဥ်ပေါ်မှာ အချိန်ဖြုန်းခဲ့ရတာမို့ အတော်လေးပင်ပန်းနေပြီ။ လူကလည်း အတော်လေး ညောင်းညာကိုက်ခဲနေသည်။ London ကနေ Bangkok ကို ၁၂ နာရီနီးပါးကြာအောင် စီးခဲ့ရပြီး ဘန်ကောက်ကနေ မြန်မာကို တစ်နာရီခွဲကျော်အောင် စီးခဲ့ရ၏။
Kendis စီစဥ်ပေးလိုက်သော Passport သည် တကယ်ကို Safe ဖြစ်ပြီး အဆင်ပြေလွန်းသည်။ လေဆိပ်က ထွက်လာတဲ့အထိ ဘာအခက်အခဲမှရှိမနေ။ ထိုကိစ္စနှင့်ပတ်သက်လျှင်တော့ Kendis ရဲ့ လုပ်ဆောင်နိူင်စွမ်းကို တကယ်ပင် ချီးကျူးရမည်။ Bluetooth Ear Phone ကို နားမှာတပ်ပြီး ဝေဦးထွဋ်ဆီကို ဖုန်းခေါ်လိုက်တော့ ချက်ချင်းကိုင်လေသည်။ ဒီအချိန်ရောက်မယ်ဆိုတာ လှမ်းပြောထားတာမို့ လာကြိုမည်မှာတော့ သေချာသည်။ သို့သော်လည်း မာမီကို လရောင်လျှော့မတွက်ရဲ။ အချိန်မရွေး မာမီ့လူတွေဆီမှာ အဖမ်းခံရနိူင်ပြီး ချက်ချင်းပင် Cambridge ကို ပြန်ပို့ခံရနိူင်သည်။
VOCÊ ESTÁ LENDO
မျက်တော်ပြေ
Romanceအချစ်တဲ့ ကျွန်တော့်လိုလူမျိုးကို လှုပ်မရအောင် တုပ်နှောင်နိူင်တဲ့ ကြိုးတစ်ချောင်းပဲ အရာအားလုံးကို စွန့်ပစ်ချင်လောက်တဲ့အထိ သိပ်လှတဲ့ ဘေးထွက်ဆိုးကျိုးလေးဖြစ်နေတာကတော့ ကျွန်တော့်ရဲ့ ကံကြမ္မာပဲဖြစ်လိမ်မယ်... Nion (မျက်တော်ပြေ) အခ်စ္တဲ့ ကြၽန္ေတာ့္လိုလူမ...