အပိုင်း(၄၃)
ယနေ့ သွင်တစ်ခေတ်တို့ရဲ့အမေဖြစ်သူနှစ်ပတ်လည်နေ့မို့ ကျောင်းတွင် ဘုန်းကြီးဆွမ်းကပ်ခြင်းပြုလုပ်ခဲ့ပြီး နွေတခေတ်လေးရဲ့ ငါးနှစ်ပြည့် မွေးနေ့ကိုပါ ပြုလုပ်ခဲ့သည်
မိသားစုနှစ်ခုအတူတူ အလှူဒါနပြုကြသော ကြည်နူးစရာ မိသားစုပုံရိပ်တို့သည် အထင်းသားယခုဆိုလျှင် နောက်ထပ်နှစ်နှစ်တာ အချိန်ကုန်ဆုံးခဲ့ပြီလည်းဖြစ်သည်
နှစ် နှစ်အတွင်းမှာကြုံလာသမျှ အခက်အခဲတေကို အတူရင်ဆိုင်ကျော်လွှားခဲ့ကြသလို လူကြီးမိဘတေရဲ့ ယုံကြည်နားလည်မှုကိုလည်း အပြည့်အဝရရှိနေပြီဖြစ်သည်အဖွားဒေါ်သက်လျာသည်လည်း ဂုဏ်ဓနတို့ကိုဘေးချိတ်ကာ သူ့ရဲ့ကျန်ရှိတဲ့သက်တမ်းမှာ မြေးဖြစ်သူနဲ့အတူ ပျော်ရွှင်စွာ နေထိုင်သွားရန်ဆုံးဖြတ်ထားခဲ့ပြီဖြစ်သည်
ဦးသွင်မင်းသည်လည်း သားသမီးမြေးတေနှင့်အတူ အခြေကျနေပြီဖြစ်သလို သားလတ်ဖြစ်သူ မဟာကလည်း နိုင်ငံခြားတွင်အလုပ်ရပြီး အေခြတကျနေနိုင်တော့မည်ဖြစ်သည်
သူအားလုံးကိုစိတ်ချနေပြီဖြစ်တာကြောင့် သာသနာ့ဘောင်သို့ အပြီးအပိုင်ခိုလှုံရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်အငယ်ဆုံးဖြစ်သူ သွင်တခေတ်ဟာထိုစကားငိုကြားတော့ မျက်ရည်များကျကာ ငိုမိသည်
ဒါဟာတားချင်တဲ့ စိတ်ကြောင့်မဟုတ် အဖေဖြစ်သူနှင့်ခွဲရမည်စိုးသောကြောင့်ပေ ကောင်းသောလမ်းကိုလျှောက်မှာဖြစ်တာကြောင့် တားလည်မတားရက်ပါ
ထို့ကြောင့် မကြာခင်မှာ ဦးသွင်မင်းဟာစစ်ကိုင်းတောင်တွင် အပြီးပိုင် ရဟန်းဝတ် တရားအားထုတ်တော့မည်ဖြစ်သည်
မသွားခင်စပ်ကြားမှာ မိသားစုနဲ့အတူ အချိန်ဖြုန်းရင်း သားသမီးသုံးယောက်ကိုလည်း ကျန်ရှိတဲ့သက်တမ်းတစ်လျှောက်လုံး ဘလိုနေထိုင်သွားရမယ်ဆိုတာကိုဆုံးမခဲ့သည်"လူဘဝခနတာမှာ ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုဦးစားပေးကာမှ လူ့လောကနဲ့ အံဝင်ဂွင်ကျဖြစ်အောင်နေတယ်လို့ခေါ်တယ် ပြီးတော့
ကိုယ့်ရဲ့ လုပ်ရပ်တိုင်းဟာ သူတစ်ပါးကို မထိခိုက်စေပါနဲ့
အလုပ်တစ်ခုကို လုပ်တိုင်း လိုချင်တပ်မက်မှုနဲ့ မလုပ်နဲ့ ရယူလိုခြင်းနဲ့မလုပ်နဲ့ စေတနာထားပြီးလုပ် မေတ္တာမှန်ရင်ရောင်ပြန်ဟပ်တယ် သားတို့သမီးတို့ ဖေဖေအမြဲဆုံးမတဲ့စကားတေကို ငါ့သားတေ သမီးတေနားထောင်ကြတာ သိပါတယ် ဖေဖေ ကနောက်ဆိုရင် အနားမှာရှိပေးနိုင်မှာ မဟုတ်လို့ အခုလိုမှာထားရတာပဲ ဖေဖေအရေးအကြီးဆုံးမှာချင်တာက သားကြီး သားလတ် သမီးငယ် ချစ်ချစ်ခင်ခင်နဲ့ တသက်လုံး နေသွားရမယ်နော် ဝေးသည်ဖြစ်စေနီးသည်ဖြစ်စေ အရေးကြုံရင်စည်းလုံးရမယ်နော် "
""ဟုတ်ကဲ့ ဖေဖေ""
လက်အုပ်လေးချီထားလျက် အဖေဖြစ်သူရဲ့ ဩဝါဒကို မောင်နှမသုံးယောက်ခံယူလျက်
YOU ARE READING
မေတ္တာ 'လွန်' (Editing)
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...