အိစက်စက်မွေ့ယာမှာ
တကိုယ်လုံးမြုပ်နေအောင်
စောင်ကိုခြုံကာကွေးနေသော ကျနော်ဟာ
မျက်နှာပေါ် နေခြည်နွေးအရောင်ဖျဖျက
နေရာယူတဲ့အခါမှ အိပ်ချင်စုံမွှားနဲ့ ထထိုင်မိသည်" မောင်"......
မနက်ခင်းရဲ့အစဟာ မောင်လို့ခေါ်ပြီးနိုးထခဲ့သည်။
" မျက်နှာသစ်တော့လေဗျာ"
ဆိုပြီး အသံချိုချိုလေးကြားရလို့ ကြည့်မိတော့
လိုက်ကာလေးကိုပိတ်နေသည့်မောင်က
Apronကို ဝတ်ဆင်ထားခြင်းက
မနက်စာပြင်ဆင်နေခြင်းပေ" sorry အကို ကျတော် လိုက်ကာပိတ်မလို့မေ့ခဲ့တာ"
" မင်းသက်သက်ညစ်တာမဟုတ်ဘူးလား"
" ကျတော့်ရဲ့ အိတ်ပုတ်က ဒီလောက်အိပ်ရရင်တော်တော့လေဗျာ မောင့်မနက်စာတွေအေးကုန်တော့မယ်"
" ငါးမိနစ်လောက် အိပ်ချင်သေးတယ်လေ"
" မျက်နှာသစ်တော့ဆို မဂျစ်နဲ့"
အသာအယာ နဖူးပေါ်က ဆံစတွေကို
မောင်ကသပ်တင်ပေးရင်းပြောသည်
တကယ်ဆိုမောင်ဟာ အမြဲ အိပ်ရာစောစောထတတ်သူ
ကျနော်ကတော့ ရရင်ရသလို အိပ်ရေးမက်သူ
အခုလို Sunday မနက်ခင်းဆို အလုပ်ပိတ်၍
ကျနော်အိပ်နိုင်သလောက်အိပ်စေသည်
မောင်တကယ်ပဲ လိုက်ကာပိတ်ဖို့ မေ့ခဲ့တာသိပေမယ့်
ကျနော့်ချစ်သူလေးကို စနောက်ချင်၍
ဂျစ်တူးနေမိခြင်းပင်" မောင်ကငြိုငြင်နေပြီလားလို့"
" အခုမျက်နှာသစ်ရင် တနမ်းရမယ် ဘယ်လိုလဲ"
ကျနော်သောက်ဖို့ ရေတခွက်ကို ဖန်jar ထဲက ထည့်ရင်း
ပြုံးစစနဲ့မောင်ပြောသည်" တကယ်နော်"
" အင်း"ကျနော့်ထပ် အနေတည်တဲ့ ကျနော့်ထပ်ငယ်တဲ့
အမျိုးသားကို တနေ့တမျိုးမရိုးရအောင်ချွဲရသည်ကလည်း ကျနော့်အတွက် ရာသက်ပန်အလုပ်တခု
ပါးချိုင့်ရေးရေးနဲ့ မောင်ဟာ
ကျနော့်ပလီပလာထွေလီကာလီတွေကို
အူယားအောင်ချစ်သော်လည်း
အောင့်အီးတည်ထားတတ်သေးသည်
ကျနော်ကလည်း အဲ့ဒီမျက်နှာလေးကိုအသေချစ်သည်။" မောင်"
" ဒီမှာ လေ အကို"
မျက်နှာသစ်ပြီး ထမင်းစားခန်းထဲ မရောက်ခင်
မောင်ဟု အကျယ်ကြီးခေါ်ပြီး ချွဲရသည်ကလည်း
Park Jimin ရဲ့ရိုးရာ
YOU ARE READING
Jikook short stories collection of Ma Ma Theint
FanfictionJikook ကို one shot လေးတွေဖတ်ချင်ရင် ဖိတ်ခေါ်ပါတယ်နော်