Kitchen Date(10.01.24)

811 78 2
                                    




'ဟူး " သက်ပြင်းတချက်ကိုချပြီး
တိုက်ခန်းကွန်ဒိုဆီပြန်လာတဲ့
အဆိုတော် ပေါက်စလေးဟာ အနည်းငယ်တော့
ပင်ပန်းနေသည်။

သူဒီနေရာကိုရောက်ဖို့
ဘယ်လောက်ကြိုးစားရတယ်ဆိုတာ
သူ့ပရိတ်သတ်တွေ အသိဆုံး

တောင်ကိုရီးယားနိုင်ငံလိုနေရာမှာ
နောက်ခံအထောက်အပံ့မရှိဘဲ
အခုလိုနေရာရဖို့ဆိုတာ လူတိုင်းမမက်နိုင်တဲ့အိမ်မက်တခု

အောင်မြင်လာတဲ့အမျှ ပုတ်ခတ်ပြောဆိုမူတွေသည်လည်း မမြင်ချင်လည်းမြင်ရ မကြားချင်လည်း
ကြားရသည့် အခါလည်းရှိသည်။

ဂရုမစိုက်ဘဲကိုယ့်အလုပ်ကိုလုပ်သည်ဆိုပေမယ့်လည်း စိတ်အခံ မကောင်းနေတဲ့ အချိန်မျိုးဆို အခုလိုပုတ်ခတ်မူတွေက စိတ်ရှုပ်စရာကောင်းလှသည် ။

သို့ပေမယ့် မိမိကိုအမှန်တကယ်ချစ်တဲ့သူတွေကိုလည်း
ဒီလိုအချိန်မှာ သိနိုင်တဲ့အတွက်
အရာရာကိုအကောင်းဘက် တွေးတတ်တဲ့
ကောင်လေးက အခြားသူတော့မဟုတ်

အားလုံးရဲ့အချစ်တော် Park Jimin

တခါတလေကျလည်း အခုလိုအချိန်မျိုးတွေမှာ မိသားစုနဲ့ အတူရှိချင်ပါရဲ့ သို့ပေမယ့် သာမန်အေးဆေးနေတတ်တဲ့ မိဘတွေနဲ့ညီလေးကို အခုလို
စိတ်ဖိစီးမူတွေမပေးချင်တာမို့
entertainment က ဝယ်ပေးတဲ့
အဆင့်မြင့်ကွန်ဒို မှာပဲနေဖြစ်လိုက်သည်
မိဘတွေကတော့ ဘူဆန်မှာ
ကော်ဖီဆိုင်လေးတဆိုင်ဖွင့် ပြီးအေးချမ်းနေလေရဲ့
(မအေးချမ်းတာက အောက်တန်းစားတသိုက်)

တံခါးဖွင့်ပြီးဝင်လာတဲ့အခါဖိနပ်ကို စနစ်တကျချွတ်ပြီး မီးခလုတ်များကိုဖွင့်လိုက်သည် .

"အမလေး လန့်တာ"

"ကိုယ့်ရည်းစားကိုပြန်လန့်ရသလား"

"ရောက်နေရင်လည်း မီးလေးဘာလေး ဖွင့်နေပေါ့
အခုတော့သရဲလိုပဲ"

"jimin shi မှ မရှိတာ jimin shiမရှိတာက
မှောင်မိုက်နေတာနဲ့အတူတူမို့ မဖွင့်တာ"

Jikook short stories collection of Ma Ma TheintWhere stories live. Discover now