"အကို"
ဝင်လာတဲ့ စာလေးတစောင်ကြောင့်
ခေါက်ဆွဲပြုတ်စားနေတဲ့ ဝါးတူလေးလွတ်ကျသွားသည်။"နေကောင်းလား မောင်"
ဟင့်အင်း ပို့မယ့်စာလေးကို အတင်းပြန်ဖျက်လိုက်သည်
မပေးချင်တော့ဘူး
မေတ္တာတွေက သူ့အတွက်မအေးချမ်းဘူးလေ
ရှောင်နေခဲ့ရတာ ဘယ်လောက်တောင်လဲ
မဖြစ်ဘူး typing ရိုက်နေတဲ့
စာလုံးတွေကိုပြန်ဖျက်လိုက်သည်
ဘယ်လောက်ပဲ ကြိုးစားကြိုးစား
မောင်နဲ့ပက်သက်ရင် သိပ်ကိုတုန်လှုပ်မိနေတုန်းပါ
မချစ်တော့ဘူးတော့ဘယ်ဟုတ်ပါ့မလဲမောင်ရယ်
ငါဘယ်လောက်ချစ်ခဲ့ရတဲ့သူမို့လဲ" sorry "
နောက်တစောင်က sorry တဲ့" ဘာအတွက်လဲ"
တားနေတဲ့ကြားက မသိစိတ်တွေက တဆင့်စာပြန်မိပြန်ပြီ
တွေ့လား ကျနော့်ကို မောင်က ဘယ်လို ကြိုးကိုင်ရမလဲ
သိနေတုန်းပါပဲ" အကို့ဆီ စာပို့မိတဲ့အတွက်ပါ"
" အစကတည်းကလာမပို့နဲ့လေ
စိတ်အနှောက်ယှက်ဖြစ်တယ်"ပြောပြီးပြီးချင်းblock လိုက်သည်။
မျက်ရည်တပေါက်က ပါးမှာခိုတွဲလျက်ပဲ
ထိုင်းထိုင်းမှိုင်းမှိုင်းဆံပင်တွေကို ဆွဲဖွပြီး
ခေါက်ဆွဲတွေကို ဘေဇင်မှာ သွန်ချလိုက်သည်။
စားပွဲပေါ်က ဖုန်းလေးကိုတော့စိတ်နာစွာကြည့်သည်။အကြိမ်ကြိမ်နာကျင်ခဲ့ရတဲ့စိတ်တွေသည်
ချစ်စိတ်တွေသာအနိုင်ယူတဲ့အခါ
ကပ်တွယ်ခြင်းဆိုတဲ့ ခေါင်းစဉ်တခု ဖြစ်လာခဲ့သည်
အခုကျနော်လွတ်မြောက်ဖို့ ကြိုးစားနေထိုင်နေခဲ့တာ
ဘယ်လောက်ခက်ခဲလဲနာမည်လေးကြားရုံနဲ့
ရုပ်ပျက်ဆင်းပျက်တုန်ယင်ရတဲ့အထိအဲ့ဒီခလေးကို ကျနော်ဘယ်လောက်ချစ်ခဲ့ရသလဲ
မောင့်ရဲ့ဥပေက္ခာတွေကြောင့် နာတဲ့အချိန်သာ
ကျနော်စိတ်မာနိုင်ပေမယ့်
ပြီးရင်ကျနော်ပဲ ကပ်တွယ်ရမြဲတကယ်တော့ ကျနော်ဖျားနေခဲ့တာ
မောင်လက်သန်းလေးတချောင်းကိုသာ
ဆုပ်ကိုင်အိပ်ပျော်ချင်ခဲ့တဲ့
ကျနော့်ရဲ့ ဖျော့ဖျော့တော့တော့ညတွေမှာ
မောင်ဟာ တခြားသူတွေနဲ့ ရယ်မောနေခဲ့တယ်ကျနော်က သိပ်လွယ်ခဲ့တယ်ထင်ပါရဲ့ဗျာ
ကျနော်ဆွဲမှ မြဲမယ့်လက်တွေမို့
ကျနော်မှာ အရှက်တွေ မာနတွေချပြီး ဆွဲခဲ့ပါသော်လည်း
လက်ဖဝါးမှာ သွေးစို့စို့ဒဏ်ရာတွေပဲ ရခဲ့တယ်
YOU ARE READING
Jikook short stories collection of Ma Ma Theint
FanfikceJikook ကို one shot လေးတွေဖတ်ချင်ရင် ဖိတ်ခေါ်ပါတယ်နော်