" ကိုကို"
" ပစ္စည်းတွေစုံပြီလား သေချာစစ်ဦး"
" ကိုကို့မျက်နှာက နွမ်းနေတယ်
မောင့်ကို စိတ်ခုနေတယ်မလား"" မောင်ထင်လို့ပါ ကိုကိုဘာမှမဖြစ်ဘူး"
" ကိုကိုရော တခါထဲ လိုက်ခဲ့ပါ့လား"
" ကလေးကျနေတာပဲ မောင်ရာ နောက်ရက်ချက်ချင်းလိုက်လာမှာကို ဂျီကျမနေနဲ့"
" သဝန်တိုလားကိုကို"
" အလုပ်သဘောအရ ဆိုတာ ငါနားလည်နေတာပဲ
မောင်ရာ"
" မောင်တို့ အလုပ်သဘောရ လက်ကလေးပဲ ကိုင်တာ
တကယ်ထိတယ်ဆိုရုံလေး"
Luggage နားထိုင်ကာ ပစ္စည်းတွေစစ်နေတဲ့
Park jimin အနား piercing တွေနဲ့ နုတ်ခမ်းပါးလေးဟာ
တတွတ်တွတ်ပြောရင်း မျက်လုံးလေးတွေပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဖြေရှင်းနေသည့်မောင်ဟာ
တမိုးအောက် Jeon Jungkook"မွ "
ကောက်နမ်းပစ်လိုက်ပြီး မောင့်ကိုကြည့်ကာပြောသည်" ငါယုံတယ်လို့ ပြောပြီးပြီလေ မောင်
လေယာဉ်ချိန်နောက်ကျနေဦးမယ်"" ပြုံးပြဦး မောင့်ကို"
" မောင့်အနားရှိနေရင် ငါမပြုံးတာရှိလို့လား"တိုးဝှေ့ဖက်ထားတဲ့ ရင်အုပ်ကျယ်ကြီးကို
Jimin သတိထားမိကာ" ငါတို့ခလေးလေး လူကြီးဖြစ်ပြီ
အရမ်းထွားလာတယ် "
" ဒါတောင်အခုထိ ညီလေးပြောခံရတုန်းပဲ သိလားကိုကို"
" မင်းကလည်း ကားပိစိတွေ တက်တက်မမောင်းနဲ့လေ"
" မသိဘူး ညီလေးတော့ ညီလေး
ဒါမယ့်ကိုကို့ ညီလေး"(ညီလေး တကွက်ပြသည်)
လေဆိပ်ရောက်တဲ့အထိ ကိုကိုစိတ်ခုနေမလားပဲ
တွေးနေမိသည်
မိမိဟာ ကိုကို့ကို အရိပ်နဲ့တောင်သဝန်တိုသူမလား
ဒါ့ကြောင့် ကိုယ့်စိတ်နဲ့နှိုင်းပြီး
ကိုကို စိတ်ခုမလား ပူမိတာအမှန်*********
" မောင် ငါလေဆိပ်ရောက်ပြီ"
" ကိုကိုတကယ် လိုက်လာတယ်"
" ငါ့ခလေးလေးစိတ်အရမ်းလှုပ်ရှားနေမှာစိုးလို့လေ"
" ကိုကိုလိုက်လာလို့ ဒီခရီး က သိပ်ကို
အဓိပ္ပာယ်ရှိပြီး ပျော်ရပြီလေ"
" စကားအရမ်းတတ်တယ်
ချွဲတာလည်းကြည့်ချွဲ
တတ်တူးတွေအားနာဦး"
" ကိုကိုမို့ ပါ ကိုကိုရယ်
ကြိုဖို့ကားလွှတ်လိုက်မယ်"*******
" ကိုကို"
အွတ်ကနဲနေအောင်ဖက်ချလိုက်တဲ့မောင့်ကြောင့်
Jiminလန့်သွားသည်
"မောင်အရမ်း စိတ်လှုပ်ရှားနေတာ"
" သိတာပေါ့ သိလို့လိုက်လာတာ"
" တခုခုသွားစားရအောင်ကိုကို"
" hotel မှာစားလည်းရတာကို"
" ကိုကိုနဲ့အတူတူ လည်ချင်လို့လေ"
" အရမ်းတွေအူမြုးနေတာပဲ ဒီကောင်လေး"
" မောင့်အနားကိုကို ရှိနေလို့လေ"
" အချွဲကောင်းလို့ အလိုလိုက်မယ် လာသွားစို့"
" အဝတ်မလဲတော့ဘူးလားကိုကို"
" ငါကဒီအတိုင်းက ကြည့်မကောင်းလို့လား"
" မောင်မျက်လုံးထဲ ဘယ်တုန်းကကိုကိုက
ကြည့်မကောင်းတာရှိလို့လဲ "
" ဒါဆိုလဲမနေတော့ဘူး သွားစို့"
YOU ARE READING
Jikook short stories collection of Ma Ma Theint
FanfictionJikook ကို one shot လေးတွေဖတ်ချင်ရင် ဖိတ်ခေါ်ပါတယ်နော်