ငါခွင့်လွှတ်မယ်ထင်လားမောင်
မင်းငါ့ကိုစွန့်ပစ်သွားတဲ့အချိန်က
ငါ့ဘဝမှာ အားအနည်းဆုံးဖြစ်နေတဲ့အချိန်
အဲ့အခြေအနေကိုလည်း မင်းသိသိရက်နဲ့
လုံးဝတုံ့နှေးခြင်းမရှိပါပဲ
ငဲ့ကွက်ခြင်းကင်းစင်စွာ ထားခဲ့တာမဟုတ်လား
ဪမှားလို့ ထားခဲ့တာမဟုတ်ဘူး
စွန့်ပစ်သွားတာ
စွန့်ပစ်သွားတာမှ ပစ်စလတ်ခတ်လေတချိန်လုံးခေါင်းငိုက်စိုက်နားထောင်နေသူမောင်က
စွန့်ပစ်တယ် ဆိုတဲ့ စကားကို ချေပဖို့
နုတ်ခမ်းတွေပြင်လိုက်တယ်
ဒါမယ့် ဒီနေ့စကားလုံးတွေမှာ
ကျနော်မောင့်ကို ချေပခွင့်မပြုနိုင်တာမို့
မောင့်နုတ်ခမ်းတွေကို လက်ညိုးလေးတင်ပြီး ဟန့်တားလိုက်သည်" နေဦး ငါဆက်ပြောမယ်
မောင်ရေ မင်းသုံးပြီးသား အမှိုက်တစကို
စွန့်ပစ်ရင်တောင် အမှိုက်ပုံးထဲကို စနစ်တကျပစ်မှ
လူ့ကျင့်ဝတ်နဲ့ညီတာလို့ လက်ခံကြတယ်မလား
မင်းငါ့ကိုစွန့်ပစ်ခဲ့တာက စနစ်တကျတောင်မဟုတ်ဘူးနော်
ပစ်စလတ်ခတ်သိပ်ဆန်ခဲ့တာ
မင်းကိုယ်မင်းသိမှာပါမောင်ရာ
မင်းငါ့ကိုလုပ်ရက်တာ မင်းအသိဆုံးပါ
နာတယ်မောင်ရဲ့ ခွင့်မလွှတ်နိုင်အောင်နာတာ
သိလား သိခဲ့လား အဲ့ဒီအချိန်တွေက
ငါမူးယစ်ဆေးတွေဆွဲပြီး ရူးမလိုဖြစ်နေခဲ့တာလေ
မင်းသိပါတယ် သိလည်းသိခဲ့တယ်
သိရက်နဲ့ထားသွားတာ ဟင့်အင်း စွန့်ပစ်သွားတာ
ငါအနာဆုံးပဲ""အကို"
"မခေါ်နဲ့ ငါက မင်းရဲ့အကို မဟုတ်တော့ဘူး"
" ခများ"
ဒေါသသံစွတ်လာတဲ့ မောင့်အသံကို
Jimin မျက်ရည်တွေနဲ့ မဲ့ပြုံးပြုံးလိုက်တယ်"ဘာလဲ ဘာလို့လာပက်သက်နေသေးလဲလို့
အနိုင်နဲ့ပိုင်းချင်သေးလို့လားဒါဆို ထပ်ပြီးမှတ်ထား
ခွင့်မလွတ်ဘူးဆိုတာသိဖို့ လာပြောတာတစိမ့်စိမ့်မုန်းနေမှာ သိလား ဂျောင်ကု
တိုက်ဆိုင်မူတွေရှိလာတဲ့အခါတွေဆို မင်းပြောခဲ့တဲ့စကားတွေကို ရွံစရာတခုလို တွေးပြီးနာကျည်းနေမှာ"
ကျနော့်စကားလုံးတွေကို သည်းမခံနိုင်စွာထွက်ကျလာတဲ့မောင့်ဆီကစကားက ထင်ထားသလိုပါပဲ
YOU ARE READING
Jikook short stories collection of Ma Ma Theint
FanfictionJikook ကို one shot လေးတွေဖတ်ချင်ရင် ဖိတ်ခေါ်ပါတယ်နော်