ချယ်ရီဝိုင်ကြိုက်တဲ့ချာတိတ်

774 72 3
                                    

" အကိုဘာလုပ်နေလဲ"

အဆက်မပြတ်မြည်နေတဲ့ ဖုန်းလေးကို
အားနာသလိုရှိတာမို့
ကိုင်လိုက်တဲ့အခါ
မေးခွန်းတီတီတာတာနဲ့ ကောင်လေး

"အရက်သောက်နေတာ"
" ကျနော်လာခေါ်ရမလားအကို"
" ဆိုင်မှာမဟုတ်ဘူး အိမ်မှာသောက်နေတာ"
" တော်သေးတာပေါ့
ကျနော်က ဆိုင်မှာများလားလို့စိတ်ပူသွားတာ"
" နေပါဦး ဆိုင်မှာဆို ဘာလုပ်မလို့လဲ"
" ဟင်း ဟင်း လာတွဲခေါ်မလို့လေဗျာ"

ဖုန်းထဲက ရယ်သံလွင်လွင်လေးမှာ
ထိုကောင်လေးရဲ့ ပါးချိုင့်မမြည်သော
ခပ်ရေးရေး ပါးပြင်လေးကိုမြင်ယောင်မိသည်
သောက်နေတဲ့အရက်ကြောင့်လားမသိ
ခံစားချက်ကခပ်နွေးနွေးရယ်
အေးစက်စက်အငွေ့အသက်တွေနဲ့
တစုံတယောက်လိုတော့ မဟုတ်
အတွေးတွေဟာ တွေးမိရုံနဲ့တင်
မသိလိုက်ခင်က အပြုံးတွေဟာ
နုတ်ခမ်းသားဖူးဖူးမှာ တင်းစေ့စေ့

" ကိုကို သူ့ကို သတိရနေတာလား"
ကိုကိုတဲ့
ဒီကောင်လေးဟာ ကျနော့်ကို
နားမည်ပေါင်းသောင်းခြောက်ထောင်ပေးနိုင်လွန်းတယ်
ကျနော်ကလည်း ဘယ်လိုခေါ်ပါလို့
ဘောင်ခတ်မထားမိပေ

" သတိရနေတယ်ဆို ဘေဘီဘာလုပ်မလို့လဲ"
" မောင်အဖော်လုပ်ပေးမလို့ပါ
အရင်ညတွေလို ကိုကိုသူ့အကြောင်းတွေရင်ဖွင့်လေ"

သူ့ကိုယ်သူမောင်တဲ့
အနာတွေကိုတူးဆွနေတဲ့ နာမ်စားတခု

"ကိုကို"
ကျနော်ဘက်က ထူးသံမကြားရဘဲ
သက်ပြင်းသံသဲ့သဲ့ကိုသူကြားရတဲ့အခါ

" ခေါ်ရင်ထူးလေဗျာ"
" ဟမ်"
" ဘာဟမ်လဲ ဗျာလို့တော့ ထူးပါ ကိုကိုရယ်"
ဗျာလို့ထူးစေချင်တာတဲ့လား
တချိန်ကကျနော်လည်းတစုံတယောက်ကို
အဲ့လိုထူးစေချင်ခဲ့တာ
ထူးပါလို့လည်း ဖျတ်ဖျတ်လူးတောင်းဆိုခဲ့မိတာ

" ထားပါ အခုဘာလို့ဖုန်းဆက်တာလဲ"
" သတိရလို့လေ ကိုကိုရယ်"
" အင်းပါ"
" ဟူး တွေ့လား ကိုကိုက အေးစက်လိုက်တာဗျာ
ကျနော့်ဘက်ကသာ စကားတွေပြောနေရတာ
ကိုကိုက သိပ်အေးစက်တာပဲ"

အရက်ကြောင့်ရီဝေနေတဲ့ မျက်ဝန်းတွေဟာ မျက်ခုံးတွေနဲ့အတူ တွန့်ချိုးမိသည်
တဆက်ထဲ ဖုန်းလေးကိုလည်းချပစ်မိလိုက်သည်
တကယ်ဆို ဒီကလေးပေါ် ဒီလောက်ထိ
မတင်းမာသင့်ခဲ့ပါဘူးလေ
တကယ်တော့တုန်လှုပ်သွားခဲ့တာ
ဒီကောင်လေးရဲ့ ပုံစံအပြော အမူအယာတွေဟာ
ယခင်က မောင်မှမောင်ဖြစ်ခဲ့တဲ့
park jimin ဆိုတဲ့ ကျနော့်ကိုယ်ကျနော်
ပြန်မြင်နေရသလိုမို့လေ

Jikook short stories collection of Ma Ma TheintWhere stories live. Discover now