" jimin"
စိတ်မရှည်သဖွယ် လေသံတွေနဲ့ ထယ်ယောင်းဟာ
အလိုမကျနေတာသိသိသာသာ
ဖြစ်သင့်ပါတယ်လေ
သူတတွတ်တွတ်နားချနေမူတွေကို
ကျနော်က မထေမဲ့မြင်လုပ်နေမိတာ" Jungkook က....."
" Stop ထယ်ယောင်း
သူ့အကြောင်းမပြောလို့မရဘူးလား"
" shit!!!"
စိတ်ပျက်လက်ပျက်ပုံစံနှင့် ထယ်ယောင်းထဆဲသည်" ငါဒီလောက်ပြောပြနေတာကို ခေါင်းမာနေရသလား"
" နားတွေညည်းတယ်ထယ်ယောင်းရယ်
ငါသောက်နေတာ ဇိမ်ပျက်တယ်"
" ပျက်နေလိုက်တော့
ငါတို့ကြားဝင်ညှိပေးလည်း
နှစ်ယောက်လုံးခေါင်းမာနေလိုက် သိလား"" သူ့အကြောင်းတွေမကြားချင်ဘူး ထယ်ယောင်း"
" ဟူးးးးးး"
သက်ပြင်းအရှည်ကြီးကို ထယ်ယောင်းချရင်း
အရက်ကို ဇိမ်ယူသောက်နေသည့် ကျနော့်အား
စိုက်ကြည့်သည် ခဏအကြာမှ" Jungkook နေမကောင်းဘူး ဆေးရုံမှာ"
" သူနေမကောင်းတာအခုမှ မှ မဟုတ်တာ"
" ကျစ် jimin
ငါလိမ်နေတာမဟုတ်ဘူး"" ငါသိတယ်လေ ထယ်ယောင်း
သူ့ကို ဟန်ဆောင်နေမကောင်းတာလို့လည်း
ငါမပြောမိပါဘူး
သူကသာ ငါ့ကို ဟန်ဆောင်နေတယ်ထင်ခဲ့တာ"" ဘာကိုလည်း jimin"
" ငါနေမကောင်းတုန်းကလေ"" ခလေးကျနေတာပဲ မင်းတို့တွေ"
" ဟုတ်တယ် အကြီးကျယ်သေမယ့်ရောဂါမဟုတ်ပေမယ့်
သူ့စိတ်နဲ့ ငါလည်း မသေရုံတမယ်ပဲလေ
ဒါမယ့်သူက စိတ်မပူတဲ့အပြင်
ငါ့ကို ဟန်ဆောင်တယ်လို့ထင်သွားသေးတာလေ"" တေးမှတ်ထားစရာလိုလို့လား jimin ရယ်
ချစ်သူတွေလေ သိပ်ချစ်ကြတာဆို"" အဲ့ဒီချစ်သူဆိုတဲ့ လူကပဲ
ငါအားနည်းနေတဲ့အချိန်ဆို ငါ့ကိုပစ်ပစ်ခါခါတွေထားခဲ့တာလေ "" ခက်တယ် jimin "
" ဘယ်တုန်းကလွယ်ဖူးလို့လဲ"
" အကန်တွေမပြောစမ်းနဲ့ စိတ်မပူဘူးလား
မင်းလည်းချစ်ရက်နဲ့"" စိတ်မပူဘူးလို့ထင်လား
ပူလည်းငါဘာလုပ်ပေးနိုင်လို့လဲ
အရင်လို အောက်ကျနောက်ကျ သူ့အကြောင်းတွေ
လိုက်မေးနေရမှာလား
မထင်ရင်မထင်သလို ပုတ်ခတ်ချက်တွေကို
မနာနိုင်ပဲ ခယမေးနေခဲ့ပြီးပြီလေ
အခုရော ငါကဘယ်သူ့ကိုထပ်ဒူးထောက်ရမှာလဲ
အထင်မြင်သေးခံရတာလုံလောက်ပြီ
ဘယ်လိုနေနေ သူ့အခြေအနေလေးသိရဖို့
ကပ်တွယ်ခယမူတွေကို
စော်ကားချင်သလိုစော်ကားလို့ရတဲ့ လူတယောက်အဖြစ်
သူ့ပတ်ဝန်းကျင်မှာ ငါရပ်ခဲ့တာ
ဘယ်အချိန်ကတည်းကလဲ
လိုသုံးပဲခေါင်းစဉ်တပ်တပ်
ဒုတိယလူ တတိယလူ ကြိုက်တဲ့ခေါင်းစဉ်တပ်
တဖတ်သတ်ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ
ငါငိုရင်းတမျိုး နာကျင်ရင်းတဖုံ
သနားစရာလူတယောက်လို နေခဲ့ပြီးပြီ
နောက်ဆုံးထိ
ငါ့ဆီပြန်လာပါလို့ ခယ ကပ်တွယ်ပြောခဲ့ပြီးပြီ
ထယ်ယောင်း
မင်းကောင်ကလေ အဲ့ဒီချစ်ပါတယ်ဆိုတဲ့လူကလေ
ငါ့စာကို seenပြပြီး
အဖက်လုပ်ခဲ့လား
ငါ့ကိုအဖြေတခွန်းတောင်ပေးခဲ့လား
ပြော ထယ်ယောင်း ပြော
ငါအရှုံးပေးတာ အကြိမ်ကြိမ်လေ
ငါဘယ်လောက်ပဲ နီးစပ်ဖို့
ခြေဆင်းငိုခဲ့လည်း
သူက ဝေးမယ့်လမ်းတွေပဲရွှေးပြတာ အကြိမ်ကြိမ်ပဲ
အဲ့တာတွေကိုရော
မင်းသိလား
မင်းမသိပါဘူး
ငါကလည်းဘယ်သူမှချမပြခဲ့ဘူး
တော်တော့ ငါရင်ကွဲတာလုံလောက်ပြီ
အခုဆို သူဘာဖြစ်နေလည်း
ဘယ်သူနဲ့ရှိနေလည်းဆိုတာတောင်
ငါမကြည့်တော့ဘူး
ငါစိတ်တွေမခိုင်လို့
သူ့ဆီက စာတစောင်များရောက်လာရင်တောင်
သူရင်ခွင်ထဲ ပစ်ဝင်သွားပစ်မိဦးမှာမို့
ငါကလည်းစ မဆက်သွယ်ဘူး ထယ်ယောင်း
သူကလည်း ဆက်သွယ်လာမှာမဟုတ်ဘူး
ငါကလွယ်မှန်းသိနေလို့
သူက စာလေးတကြောင်းပို့ရင်တောင်
ငါကမောင်လို့ ထပ်တွယ်ကပ်မှာကြောက်လို့
မင်းကောင်က လုံးဝမဆက်သွယ်ဘူး
ငါ့အသက်နဲ့အာမခံတယ်
ဘာလို့ဆို သူငါ့ကိုဘယ်တုန်းကမှ မပိုင်ဆိုင်ချင်ခဲ့သလို
ခဏတာအစားထိုးခဲ့လို့ပဲ
ငါမပေါက်ကွဲချင်လို့ လျစ်လျူရှုနေတာ
နောက်ထပ်ငါ့ကိုသူ့အကြောင်းလာမပြောဖို့
မေတ္တာရပ်ခံတယ်ထယ်ယောင်း"
YOU ARE READING
Jikook short stories collection of Ma Ma Theint
FanfictionJikook ကို one shot လေးတွေဖတ်ချင်ရင် ဖိတ်ခေါ်ပါတယ်နော်