အိမ်ကြီးရှင်က Joon ဟုခေါ်နေသောသူက ပေးတဲ့ဆေးသောက်ပီး မိနစ်အနည်းငယ်ကြာတော့
မျက်လုံးအစုံတို့သည်
အိပ်စက်အနားယူသွားလေသည်အခုကျနော်မြင်နေရတာ ကျနော့်ကိုပဲ
ကျနော်က အိမ်တအိမ်၏သခင်ဖြစ်ဟန်တူသည်
ကျနော်က ရှေးခေတ်အဝတ်အစားတို့ကိုလည်း
ဝတ်ဆင်ထားသေးသည်
မှန်းကြည့်ရမယ်ဆို Korea နန်းတွင်းကားထဲက
စစ်သူကြီးဝတ်စုံနဲ့တူတယ်
အလုပ်သမားတွေဆိုသည်မှာလည်း
ခြေချင်းလိမ်အောင် လုပ်ကိုင်စီစဉ်နေကြသည်
သူတို့က
ကျနော် သို့မဟုတ် အခုခေတ် ကော်တရာကိုတော့
မြင်ပုံမရပါ
ရှေးခေတ်က ကျနော်ဆိုသူအနားမှာ
နေပီး ဘာတွေဖြစ်ခဲ့လဲဆိုတာ
စပ်စုရမယ်" သားတော် Chris jeon
မင်းက အသက် 22လည်းပြည့်ပီ
စစ်သူကြီးတယောက်လည်းဖြစ်ပီဆိုတော့
ကြင်ယာတော်ရှိသင့်ပီလို့ ခမည်းတော်ထင်တယ်"" သားတော် ကြင်ယာတော်မရှာချင်ပါဘူး
စစ်ပွဲလောက် စိတ်မဝင်စားပါဘူး ခမည်းတော်"" မင်းအခုညကျင်းပမယ့်မွေးနေ့ပွဲမှာ
နန်းတွင်းမှာအခစားဝင်ကြတဲ့ မျိုးရိုးမြင့်ပီး
ခမ်းနားတဲ့ မိသားစုဝင်တွေကို ပဲရွှေးဖိတ်ထားတယ်
ပွဲထဲက တယောက်ယောက်ကိုဖြင့်
မင်းစိတ်ဝင်စားဖို့ စဉ်းစားဖို့မျှော်လင့်တယ်"ဘုရင့်လက်စွဲ ငယ်ရွှယ်ပီးချောမောတဲ့
စစ်သူကြီးရဲမွေးနေ့ပွဲသို့သမီးတော်တွေလက်ဆွဲကာ
ပွဲတက်လာတဲ့ သမီးရှင်တွေကတပုံတပင်သိသိသာသာလ်ုတမျိုး
မသိမသာပဲတစ်ဖုံ
မြူဆွယ်ကာ
ရေလာမြောင်းပေးဟန်ရေးပြနေသော
မိန်းမပျိုတို့ကလည်း
စစ်သူကြီးလေးအနားမှာ တဝဲဝဲလည်လည်ပင်
အဖေဖြစ်သူက ဘုရင့်လူယုံတော်
နန်းတွင်းရေးရာအမတ်ကြီးဖြစ်၍ ပို၍ပင်
တပ်မက်သူတွေများလှပေသည်ထိုပွဲသို့ ကြင်ယာတော်လောင်း ဘုံယူမီနှင့်အတူတွဲလျက်
ပွဲတက်လာတဲ့ နယ်စားမင်းလေး
ပုံမှန်ဆို အခုလိုပွဲတွေကို နယ်စားမင်းလေးက
ရှောင်သည် လူရှုပ်တာတွေကိုမကြိုက်သူ
ကြင်ယာတော်လောင်းလျာက
တက်ချင်လှချည်ရဲ့ဆိုလို့လိုက်လာရတာ
စစ်သူကြီးအသစ်ကိုလည်းမြင်ဖူးထားသင့်
သိထားသင့်တာလည်းပါတာပေါ့
YOU ARE READING
Jikook short stories collection of Ma Ma Theint
FanfictionJikook ကို one shot လေးတွေဖတ်ချင်ရင် ဖိတ်ခေါ်ပါတယ်နော်