နင့်

701 73 9
                                    

"ကွာရှင်းပေးပါလား"
" ဘာပြောလိုက်တယ် jeon jimin "
" ငါ့ကိုကွာရှင်းပေးပါ"
"ကလေးကစားစရာမဟုတ်ဘူး Jeon jimin "
" ဟင့်အင်း ငါမလိမ်ဘူး အတည်"
"ဘာ"

**********
မီးအလင်ရောင်သည် ပြတင်းတွေကို ထင်ဟပ်လာခဲ့သည်။ ဝူးကနဲ မောင်းဝင်လာသည့် ကားသည်
မောင့်ကားစက်သံမှန်း မှတ်မိလိုက်သည်။

အရင်အချိန်တွေဆို ကျနော်ပြေးပြီးကြိုနေကျ
အခုတော့ တိတ်လို့ဆိတ်လို့

************
"မောင်ပြန်လာပြီ"
"အင်း"
"ပေး မောင့်အိတ်"
" ဟူးးး"
" ပင်ပန်းလာလား"
" အင်း"

"မောင် ရေအရင်ချိုးမလား ရေနွေးစပ်ထားပြီးပြီ"
" အင်း"
" ချိုးပြီးရင် ထမင်းစားမယ်မလား ငါပြင်ထား..."
" စားခဲ့ပြီလေ ညစာစားပွဲမှာ မောင်က ဘာမှမစားပဲ ပြန်ခဲ့ရမှာလား"
" အင်း ဒါဆိုလည်း ရေပဲချိုးလေ
ငါတယောက်ထဲ စားလိုက်မယ်"
" အိုခေ"

********
" မောင် မနက်စာ အဆင်သင့်ပဲ"
" မောင်အစည်းအဝေးရှိတယ်"
" မနက်စာလေးတော့ စားသွားလေ
အစာအိမ်ထိခိုက်နေမှာပေါ့ ငါမင်းကြိုက်တတ်တဲ့..."
" jeon jimin  ဘာလို့ မနက်စာလေးမစားတာကို
ပုံကြီးချဲ့နေတာလဲ မောင်အရေးကြီးနေတယ်လေ"

လေသံမာလာတာမို့ မနက်စာ မောင့်အကြိုက်
မုန့်ဖုတ်ရင်း အပူလောင်တဲ့ လက်ကအနာကို
နောက်သို့ဖွက်ရင်း jimin ဆက်မပြောနိုင်တော့ပေ။

*******
"မောင် ငါဖက်ရှင်သင်တန်းတက်ပြီး
design & clothing ဘက်ကိုလေ့လာမလို့"
" အင်း ကောင်းသားပဲ"
" သင်တန်းတက်နေတုန်း ထယ်ယောင်း တို့ ဆီမှာ
အလုပ်ဝင်မလို့ ဖက်ရှင်နဲ့လည်း ပိုနီးစပ်မလားလို့လေ"
" အလုပ်လုပ်ချင်တယ်ပြောတာလား Jeon jimin "
" အင်း"
" မင်းမှာ ဘာလိုအပ်နေလို့လဲ
မင်းသုံးချင်သလောက် ငါပေးနေတာမလား"
" ဒါမယ့် ငါ ဒီအတိုင်းကြီးအားနေတာ
မောင်ကလည်း အမြဲအလုပ်ရှုပ်နေတာလေ"
" ပျင်းနေရင် မုန့်ဖုတ်သင်တန်းနဲ့ ဟင်းချက်သင်တန်း
တက်မလား Jeon jimin
မောင်စားချင်တာချက်ပေးပေါ့
မင်းအလုပ်ထွက်လုပ်တာ မောင့်မကြိုက်ဘူး"

**************
"မောင်"
" ဒါက ရုံးခန်းလေ Jeon jimin
ကြိုဖုန်းမဆက်ပဲ လာရင် personal နဲ့
အလုပ်ရောသွားမယ် ။
မောင့်နေရာကို လိုချင်နေတဲ့သူတွေက
မောင့်အမှားကို စောင့်နေကြတာ"

Jikook short stories collection of Ma Ma TheintWhere stories live. Discover now