" အားးးးး လူတွေမကောင်းဘူး သိလား"
" ဘာဖြစ်လာတာလဲ ခလေးပေါက်"
" လူတွေကခက်တယ် သိလား"
" တနေကုန်လိုင်းမတက်လို့စိတ်ပူနေတာ
ဘာဖြစ်လာတာလဲလို့ မောင်စိတ်ပူလာပြီ"
" ငါအလုပ်ထွက်လိုက်ပြီမောင်"
" အကိုပဲ အခုအလုပ်ကအဆင်ပြေတယ်ဆို"
" သူတို့ကမကောင်းလို့လေ"
" အဆင်ပြေတယ်လို့ မနေ့ညက အကိုပဲ စာပို့တာလေ"
" မင်းလျှာရှည်တယ် ငါကမကောင်းဘူးဆို
မကောင်းဘူးပဲ"
" ဟမ် ဟုတ်ပါပြီ မောင်ကတုံးအလို့မသိတာပါကွာ
အခုမောင့်ခလေးပေါက်လေး စိတ်တိုနေတာပေါ့
ဟုတ်လား
စိတ်ပြေသွားအောင် vedio call ခေါ်ကြမလား"
" ငါရေမချိုးရသေးဘူးမောင်"
" ရေမချိုးလည်း မောင်ကချစ်တယ်"
"Jeon Jungkook က ပိုလိုက်တာ
အပြင်မှာမတွေ့ရသေးလို့ ဒီစကားပြောနိုင်နေတာမလား"
" အကိုနော် အပြင်မှာမကျေလည်တာတွေအတွက်
မောင့်ကို ရစ်လို့ရတယ်
မယုံမကြည်တွေတော့မပြောနဲ့
မောင်ဝမ်းနည်းလို့"ဟော seen ပြပြီး အကို စာမပြန်တော့ပြန်ပါ
ကျနော့်ရဲ့ခလေးပေါက်က
နာမည်နဲ့လိုက်အောင် အဂျစ်လေး
ကျနော်ကလည်း ဒါလေးကို သေအောင်ချစ်တာ
စာမပြန်တော့ဝမ်းနည်းမိတယ်
အကိုစိတ်မကြည်တာမို့ထပ်မပို့ပဲ
ကျနော် ဂိမ်းဆော့နေလိုက်မိသည်" မောင်"
အကိုစိတ်ပြေသွားပြီထင်တယ်
မောင်လို့စခေါ်ကတည်းက Jeon Jungkook က
သဘောပေါက်လိုက်ပြီးသား
Onlineကနေချစ်မိကြပြီး အနေတွေမနီးပေမယ့်
သိပ်ချစ်မိတာမို့
လေယူလေသိမ်း စကားလုံးအတက်အကျတွေကအစ
ကျနော်က ဂရုစိုက်သည်
အကိုကလည်း သိပ်ချစ်တာ သိသာသည်
ခလေးဆန်တဲ့ အကိုဟာ
တခါတလေ လူကြီးဆန်ဆန်
ကျနော့်အတွက်စိတ်ပူတတ်မြဲအကို့အကြောင်းတွေးမိရင်အပြုံးတပွင့်မျက်နှာမှာ
ပေါ်နေမြဲ
ဟော အကိုက စာမပြန်လို့ vedio call ခေါ်နေပြီ
သေချာတယ် ကျနော်စိတ်ခုသွားတာလို့ထင်လို့
ချွဲပြီးချော့တော့မယ်ဆိုတာ
ကျနော်ကလေ အပြစ်မမြင်ရက်ပေမယ့်
အဂျစ်ကလေး ချွဲတာလိုချင်လို့
ခဏခဏ စိတ်ကောက်ပြရသေးတယ်" မောင်"
နုတ်ခမ်းဖူးဖူးတွေက မောင်လို့ခေါ်ရင်
ကျနော်ကျရှုံးပစ်ချင်တာမျိုး
![](https://img.wattpad.com/cover/320962911-288-k104560.jpg)
YOU ARE READING
Jikook short stories collection of Ma Ma Theint
FanfictionJikook ကို one shot လေးတွေဖတ်ချင်ရင် ဖိတ်ခေါ်ပါတယ်နော်