Arc 1.3

1.7K 127 11
                                    

Unicode

ချန်းဖေ့ကျောင်းရောက်တော့ အရင်ဆုံး ချင်းရွဲ့ကိုလိုက်ရှာရသည်။ ကန်တင်း ကျောင်းဆေးပေးခန်း အားကစားကွင်း ခေါင်မိုးထပ် နေရာအနှ့လိုက်ရှာပါသော်လဲ မတွေ့တာကြောင့် လိုက်ရှာမနေတော့ပဲ ဆရာမရုံခန်းသို့သာ ဦးတည်လိုက်တော့သည်။

လျှပ်စစ် ကျောင်းခေါင်းလောင်းလေးဆီမှ ဆူညံစွာပျံလွင့်သွားသော ကျောင်းတက်အချက်ပေးအသံကြောင့် ကျောင်းသားကျောင်းသူအချို့ ကျောင်းခန်းရှိရာသို့ အပြေးအလွှား အလုအယက်သွားနေကြသည်။

Teacher " ကဲ ဒီနေ့ ချယ်တို့အခန်းထဲကို ကျောင်းသားအသစ်နှစ်ယောက်ရောက်တယ် သားနဲ့သမီး ဝင်ခဲ့ကြလေ "

ဆရာမခေါ်သံဆုံးတာနဲ့ အခန်းထဲသို့ဝင်လာတဲ့ ပုံရိပ်လေးနှစ်ခု အသားဖြူဖြူ ပါးဖောင်းဖောင်း မျက်လုံးလေးကအရောင်တလဲ့လဲ့နှင့် ဆံပင်အဖြူရောင်လေးနှင့်ကျောင်းသား။

နှုတ်ခမ်းဖူးဖူးတွင် ဆေးအနည်းငယ်ကူထားပြီး ပါးမို့မို့နှစ်ဖက်က နီရဲစွာ ကျောင်းယူနီဖောင်းကို ဝယ်ဆင်ထားတဲ့ တစ်ဖက်ကကျောင်းသူ။

သူတို့နှစ်ယောက်က ဖော်ပြမတက်လောက်အောင် ကွာခြားလွန်းတယ်။ ကျောင်းသားအသစ်လေးက အရိုင်းဆန်ဆန်လေးနှင့် တစ်မျိုးကြည့်ကောင်းပြီး။ ကျောင်းသူသစ်လေက ယဥ်ယဥ်လေးနှင့်   ကြည့်ကောင်းသည်။

* wait ချန်းဖေ့က ဘာလို့အရိုင်းဆမ်သွားရတာလဲ * ( စာရေးသူ )

[ ဇာတ်လိုက်မက ယဥ်ယဥ်လေးလေ ] (ပိုင်ပိုင်)

* ...... ဘာမှမစဥ်းစားတက်သည့်ပုံစံနှင့် * ( စာရေးသူ )

" နိဟောင် ငါကကုချန်းဖေ့ပါ "  နှုတ်ဆက်လိုက်တဲ့ ချန်းဖေ့

" နိဟောင် ငါက ဖေးရန်အာပါ ခင်ပေးကြပါဦးနော် " ဆိုကာ ချိုချိုသာသာနှုတ်ဆက်လိုက်တဲ့ ဇာတ်လိုက်မ

သူတို့နှစ်ယောက်ဝင်လာထဲက တိတ့ဆိတ်နေတဲ့ အခန်းလေးဟာ သူတို့နှစ်ယောက် မိတ်ဆက်ပြီးလို့အဆုံးမှာတော့ဆူညံ့လာပါတော့သည်။ ဘယ်လိုဆူညံ့သွားလံဆိုရင်တော့

" wow နှစ်ယောက်စလုံးက အချောလေးတွေ "
" ဆံပင်ဖြူဖြူလေးနဲ့ ကောင်လေးကို ကြွေပြီဟယ် "

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now