Unicode
System space တွင် ပိုင်ပိိုင်တစ်ယောက် သူ့ host ကိုမျှော်နေသည်။ ပုံရိပ်ယောင်ကမ္ဘာနဲ့ space ကူးပြောင်းရာတွင် မိနစ်အနည်းငယ်မျှကြာတာကြောင့် ပိုင်ပိုင်စောင့်နေခြင်းပင်။ ခဏအကြာတော့ host ရောက်လာသည်။ host မျက်နှာက အနည်းငယ်ညိုးနေတာကြောင့် ဘာဖြစ်နေလဲဆိုတာ ပိုင်ပိုင်သိလိုက်ရပြီ ။
[ ပြန်လည်ကြိုဆိုပါတယ် host ]
' အမ်း '
[ mission တွေအားလုံးအောင်မြင်လို့ point 1000 ရပါတယ် host ]
' ဟမ် side mission ရှိတယ်လေ မင်းတို့ခိုင်းတဲ့ သောက်သုံးမကျတဲ့ side mission '
ဒေါသထွက်သံနဲ့ ပြောလိုက်တဲ့ host ကြောင့် ပိုင်ပိုင်လေးခဗျာ လန့်တောင်လန့်သွားသည်။[ ဟီး host ကလဲ ဆုံးအောင်နားထောင်လေ side mission ကသက်သက် main နဲ့မဆိုင်ဘူး ]
' ဟင်း ဟင်း '
[ ကိုယ်ရေး အကျဥ်းပြပါမယ် host ]
ပိုင်ပိုင်ပြောပြီးနောက် သူ (ထူးခန့်ပိုင်) ရှေ့တွင်ပေါ်လာတဲ့ tv အပြားကြီး ထိုအပေါ်တွင်
အမည် - ထူးခန့်ပိုင်
အသက် - ၂၀
လိင် - ကျား
လိင်ညွတ်တိမ်းမှု -
တက်မြောက်ပညာ - မှတ်ဥာဏ်စနစ်
ပြီးမြောက်ကမ္ဘာ - 1
Main mission point - 1000
Side mission point - 500
သိုလှောင်ပစ္စည်း - အသက်ကယ်ဆေးတစ်ဘူး[ နောက်ကမ္ဘာကိုမသွားခင် အနားယူဦးမလား host ]
' မနားတော့ဘူး ဆက်သွားမယ် '
[ ဟုတ်ကဲ့ host နောက်ကမ္ဘာသွားဖို့ ပညာသင်ယူရပါမယ် အဲ့တာကတော့ အထက်လမ်းပညာပါ ]
' ပိုင်ပိုင် ငါ့ကိုသရဲနှင်ခိုင်းမလို့လား '
[ ပိုင်ပိုင်လဲ မသိဘူးလေ အထက်ကခိုင်းတာကို ]
' ထားတော့ ဟိုတံခါးထဲဝင်ရမှာမလား '
[ ဟုတ်ပါတယ် host ]
၅ နှစ်အကြာ
[ ကြိုဆိုပါတယ် host မျက်နှာကဘာတွေလဲ အင်္ကျီကလဲစုတ်ပြတ်နေတာပဲ သွားသွားရေချိုး ပိုင်ပိုင်ကညစ်ပတ်ရင်မကြိုက်ဘူး ]
' ဒီဖေ မင်းပဲသင်ခိုင်းတာလေ '
[ ပိုင်ပိုင်မဟုတ်ပါဘူးဆို ]
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း ( System ) (Complete)
Fantasyအကောင့်ဟောင်းထဲ ပြန်ဝင်မရတော့လို့ ဒီအကောင့်လေးမှာပဲ အစကနေအဆုံးထိတင်ပေးပါတော့မယ်နော် ( စာပြင်ထားပါတယ် )