Arc 4.3

913 47 0
                                    

Unicode

လူရွေးပွဲကျင်းပတဲ့ အခန်းထဲရှိ လေထုကအေးစက်နေသည်။ အခန်းထဲတွင်ရှိနေသော ဒါရိုက်တာ , စာရေးဆရာ နဲ့ Luther တို့ သုံးယောက်အပါအဝင် ငါးယောက်ရှိသည်။ ဒါရိုက်တာနဲ့ စာရေးဆရာကတော့ မျက်နှာအတော်ပျက်ယွင်းနေပြီး လုံးဝကိုစိတ်ပျက်နေတဲ့သဘောရှိသည်။ လာရောက်ယှဥ်ပြိုင်တဲ့ လူတွေက ပါရမီရှိကြပေမဲ့လဲ အချို့ချို့သော ပြင်ပေးလို့မရတဲ့ အားနည်းချက်တွေကြောင့် လက်လျော့လိုက်ရတာများသည်။ ပထမဇာတ်လိုက်နဲ့ ဒုတိယဇာတ်လိုက် နေရာကို လူသစ်အစားထိုးမှာမလို့ သေသေချာချာဂရုစိုက်ရွေးနေရသေးသည်။ လူသစ်တွေက အရမ်းကြီးမဆိုးပေမဲ့ ဇီဇာကြောင်တဲ့ ဒါရိုက်တာနဲ့ ဂျီးများတဲ့ စာရေးသူတို့ရဲ့ စိတ်ကိုမဆွဲဆောင်နိုင်သေးတော့ခက်သည်။

[ host ဇာတ်လိုက် အလှည့်ရောက်ပြီ ]

' သိပြီ '

လူရွေးပွဲမှာ ပျင်းရိစွာထိုင်နေတဲ့ Luther ဟာ ဆဲဗင်းအသံကြောင့်ခါးမတ်သွားသည်။ သူစောင့်နေတဲ့အချိန်ကိုရောက်ပြီပဲ။ သူ့ အတွေးမဆုံးခင် အခန်းထဲသို့ဝင်လာတဲ့ ချောမောတဲ့ကောင်လေးတစ်ယောက်။

' ချောတယ် ဒါပေမဲ့ ငါ့လောက်မချောဘူး ငါက သောက်ချောကြီး '

[ * စိတ်လေတယ်ဆိုတဲ့အကြည့်ဖြင့် သူ့ host အားကြည့်နေ *]

" Hello "

' ဟမ့် အသံကငါ့လောက်လဲ မချိုပဲ '

[ host ရယ်  တော်ပါတော့ ဒီကမ္ဘာမှာ host သာအလှဆုံး host သာအချောဆုံး host ရဲ့အသံဟာအသာယာဆုံး ဟုတ်ပြီလား ]
ဆဲဗင်း ဇာတ်လိုက်ဝင်လာထဲက ပွစိပွစိနဲ့ အဘွားကြီးလို့ ပေါက်ပေါက်ဖောက်နေတဲ့ host ကို မနေနိုင်တဲ့အဆုံးထပြောလိုက်တော့သည်။ ဒါတောင် host ကသူ့အား

' အေး ငါချောတာငါသိတယ် လာမမြှောက်နဲ့ '

[ * ငါနော် *] ဆဲဗင်းလေး သူ့ရဲ့  host ကိုဘာမှပြောစရာမရှိတော့ပေ။

" လူငယ်လေး မင်းရဲ့နာမည်နဲ့ ဘယ်ဇာတ်ကောင်နေရာ ဝင်ရောက်သရုပ်ဆောင်ချင်လဲပြောပါ "

စာရေးသူရဲ့အမေးကြောင့် ထိုလူငယ်လေးက ခဏကြောင်သွားကာ

" ကျွန်တော့်နာမည်က Alice ပါ ဒီဇာတ်ကားမှာ Leo (လီယို 'close your eyes ' ရဲ့ဇာတ်လိုက်) နေရာမှာသရုပ်ဆောင်ချင်ပါတယ် "

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now