Arc 5.8

225 18 5
                                    

Unicode

ခခန်းဓနမင်းနဲ့ နှိုင်းရာတို့၏ လက်ထက်ပွဲ

အမြင်မမှားပါဘူး နှိုင်းနဲ့ခွန်းတတို့ မင်္ဂလာတော််ကြပါပြီ။ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲ တက်ရောက်ကြတဲ့ဧည့်သရ်တွေလဲများပြားလှသလို ဧည့်ခံကျွေးမွေးကလဲ အပြစ်ပြောစရာမရှိပေ။ ဘယ်နေရာမှ မလိုအောင်စီစဥ်ထားသည်။

ခန်းမကြီးရဲ့တစ်နေရာ အခ်းငယ်လေးထဲမှာတော့ အဖြူရောင် သတို့သားဝတ်စုံလေးနှင့် လိုက်ဖတ်စွာလှနေတဲ့ သတို့သားလေးဟာလဲ မင်္ဂလာပွဲအတွက်ရင်ခုန်နေလေသည်။

အခမ်းအနားမကြာခင်မှာစတင်တော့ဖြစ်ကြောင်း ဘိတ်သိတ်ဆရာကသတိပေးသွားသည်။ ထိုအဖြူကောင်လေရဲ့လက်တွေကလဲအေးစက်နေသည်။ ခန်းမအလယ်မှာရှိတဲ့ သတို့သားဟာလဲ ချစ်ရသူလေးကိုတွေ့ရဖို့ စိတ်စောနေပါပြီ။

ဦးထွန်းခန့် စိတ်လှုပ်ရှားနေတဲ့သားငယ်ရဲ့လက်ကိုကိုင်ကာ
" သားငယ်စိတ်အေးအေးထားနော် "

" ဟုတ်ဖေဖေ "

ဦးထွန်းခန့်ရဲ့လက်ကိုတွဲကာ ခန်းမထဲသို့ဖြည်းညှင်းစွာ ဝင်ရောက်လာတဲ့အဖြူကောင်လေးက နားရွက်ဖျားတွေကနီရဲနေပြီး အရှက်သည်းနေတဲ့ကောင်ငယ်လေးဟာ မကြာခင်မှာပင် ခွန်းရဲ့တရားဝင်ခင်ပွန်းဖြစ်တော့မည်။

" ဦးရဲ့သားငယ်ကို သားခွန်းရဲ့လက်ထဲ အပ်ပါတယ်ကွယ် သားငယ်လေးကိုသေချာစောင့်ရှောက်ပေးပါ သားငယ်လေးကို သားခွန်းမချစ်တော့တဲ့တစ်နေ့ ဦးတို့ဆီကိုအကောင်းပကတိအတိုင်းပြန်ပို့ပေးပါ သားငယ်ကို ဘာအကြောင်းကြောင့်မှ မျက်ရည်ကျအောင်မလုပ်ပါနဲ့ "

" စိတ်ချပါအန်ကယ် ကျွန်တော် နှိုင်းလေးကို အသက်ထက်ပိုပြီးချစ်သွားမှာပါ ပြီးတော့ အသက်ထက်ပိုပြီး စောင့်ရှောက်သွားမှာပါ ဘာကြောင့်နဲ့မှာ ကျွန်တော်ကြောင့် စိတ်ဆင်းရဲရတာမျိုးမဖြစ်စေရပါဘူး "

ဦးထွန်းခန့် နှိုင်းရာကို ခွန်းဓနမင်းလက်ထဲ ယုံယုံကြည်ကြည်နဲ့ အပ်ခဲ့လိုက်ပြီး နေရာမှာသွားထိုင်တော့သည်။ ဒေါ်နှိုင်းခတ်ကတော့ သူမရဲ့သားငယ်လေးကိုကြည့်ကာ ဝမ်းသာမျက်ရည်ကျနေလေရဲ့ သူမရဲ့သားလေးက ခုဆို အတောင်စုံလို့ လိုရာခရီးကိုပျံသန်းနေပါပြီ သူမရဲ့သားအတွက် စိတ်ချသွားပြီ။

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now