Unicode
နှိုင်းရာတစ်ယောက် ခွန်းနဲ့အတူ ပွဲတစ်ခုကိုတက်ဖို့ပြင်နေသည်။ ခွန်းကို company ကရှယ်ယာရှင်တစ်ယောက်ရဲ့ ပွဲတစ်ခုပင်။ အရင်ဇာတ်ကြောင်းအရ ထိုပွဲမှာ ဇာတ်လိုက်မနဲ့ထပ်တွေ့ရလိမ့်မည်။ ဘာလို့ဆို ဇာတ်လိုက်မက ရှယ်ယာရှင် သမီးရဲ့သူငယ်ချင်းမလို့ပေါ့။
မူလကိုယ်နဲ့ ဇာတ်လိုက်က ဘယ်ပွဲဖြစ်ဖြစ်တူတူသွားကြသည်။ လူများအမြင်မှာတော့ သူတို့နှစ်ယောက်က မိတ်ဖက်တွေလို့ ထင်မှတ်ကြပေမဲ့ ထိုသို့မဟုတ်ပေ။ ဒါဆိုဘာလို့ ပွဲအတူတူတက်ကြတာလဲ။ ဒီအဖြေကိုတော့ ဇာတ်လိုက်တစ်ယောက်ပဲ သိလိမ့်မည်။
နှိုင်း ခွန်းနဲ့အတူပွဲတက်ဖို့ ဝတ်စုံတွေစမ်းဝတ်ကြည့်နေတုံး ပိုင်ပိုင်ရောက်လာသည်။
[ host အင်္ကျီတွေဘာတွေနဲ့ပါလား ]
' ဘယ်လိုလဲ ငါချောတယ်မလား '
[ လှတယ် ]
' လှတာမဟုတ်ဘူး ချောတာ ခန့်တာ '
[ ေအာ့ ]
' ပိုင်ပိုင် မင်း.. မင်း ငါ့နောကက်ကကွယ်မှာ ဖောက်ပြန်နေတာလား မင်းပြောစမ်း ဒီကိုယ်ဝန်းကြည်က ဘယ်သူနဲ့ရတာလဲ '
[ ကိုယ်ဝန်းကြည် ? သူကဘယ်သူလဲ ]
' ငါ့မှာတော့ချစ်လိုက်ရတာ ရွှတ်မင်းက မင်းက '
[ host ]
' ဘာလဲပြေ် '
[ သရုပ်ဆောင်တာတွေရပ်ပါတော့ ]
' ကျစ် ငါ့ပညာတွေ အလာားမဖြစ်ရအောင်လို့ ထုတ်သုံးကြည့်တာပါ မင်းကလဲငြိုငြင်တာလား '
[အော်ကလီဆန်စရာကြီး ]
' ဒီဖေ'
[ ဟွန့် ပိုင်ပိုင်က host တစ်ယောက် ဇာတ်လိုက်နဲ့ပွဲတက်ရင် မျက်စိသူငယ်န်းသူငယ်ဖြစ်နေမှာစိုးလို့ အဖော်လာပြုပေးတာကို ဆဲတယ်ပေါ့ ]
' အေးဆဲတယ် ပိုင်ပိုင်စုတ် သွား ဇာတ်လိုက်မဘာလုပ်နေသလဲသာ စုံစမ်းနေချေ '
[ ဟွန်း ]
' သွားဆို '
[ သွားမယ် သွားမယ် ]
ဆိုကာ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားတဲ့ပိုင်ပိုင်လဲရှိသလို ပိုင်ပိုင်စိတ်ဆိုးလို့ စိတ်ဆိုးမှန်းမသိ မှန်ရှေ့မှာ သူ့ရုပ်သူ ပြန်ကြွေနေတဲ့ နှိုင်းဝာလဲရှိလေသည်။
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း ( System ) (Complete)
Fantasyအကောင့်ဟောင်းထဲ ပြန်ဝင်မရတော့လို့ ဒီအကောင့်လေးမှာပဲ အစကနေအဆုံးထိတင်ပေးပါတော့မယ်နော် ( စာပြင်ထားပါတယ် )