Unicode
( ထူးခန့်ပိုင်ကို Luther လို့ပဲသုံးပါမယ်နော် )
Luther လဲ ဇာတ်ကြောင်းဖတ်ပြီး အကြောင်းစုံနားလည်ပြီမလို့ jack ရုံးခန်းဆီသို့ ထွက်လာခဲ့သည်။
* ဒေါက် ဒေါက် ဒေါက် * တံခါးခေါက်သံအဆုံး အခန်းထဲမှ "ဝင်ခဲ့ပါ" ဆိုတဲ့အသံထွက်လာသည်။ ဒါကြောင့် Luther လဲ အခန်းထဲသို့ဝင်လာခဲ့သည်။ ဘယ်လိုပင် သူ့ယောင်္ကျားရဲ့ ညီဖြစ်နေပါစေ သူတစ်ပါးအခန်းထဲဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်မနေတက်တာကြောင့် တံခါးခေါက်ရခြင်းပင်။ ဒါက မူလကိုယ်ဖြစ်တဲ့ Luther အပါအဝင် အခုဝင်ဆော့နေတဲ့ host ကပါ ထိုသို့ခံယူထားခြင်းဖြစ်သည်။
" Darling, Jack "
Darling ဆိုတာ မူလကိုယ်က သူ့ချစ်လင်ကို ခေါ်တဲ့နာမ်စားဖြစ်တာကြောင့် james ကိုထိုသို့သာခေါ်လိုက်ရသည်။
( host - ခေါ်ချင်လို့မဟုတ်ပါဘူး မူလကိုယ်ကခေါ်လို့ပါ။
Me - မမေးမိပါဘူး)" မရီးဝင်ခဲ့လေ "
' ဘာ မရီး ဘုရားဘုရား မူးလတ်တာ '
[ ခွီး ဟားဟားဟား sorry host မရည်ရွယ်ပါဘူး ]
Luther ဆဲဗင်းကို မျက်စောင်းထိုးလိုက်သည်။ ခွက်ထိုးခွက်လန်ရယ်ပြီးမှ မရည်ရွယ်ပါဘူးဆိုတော့ ဘုန်းကြီးခေါင်းခေါက်ပြီးမှ တောင်းပန်းသလိုဖြစ်မနေဘူးလား ဟွန်း။
" သန့်စင်ခန်းသွားတာ ကြာလှချည်လား နေမကာင်းလို့လား Boo "
" မဟုတ်ပါဘူး နေကောင်းပါတယ် "
" ဒါဆို နဖူးနဲ့ လက်ဖနှောင့်က ဘာလို့နီရဲနေတာလဲ " ချက်ချင်း Luther နားသို့ရောက်လာကာ Luther လက်အား ကြင်ကြင်နာနာကိုင်ကာ မေးလိုက်တဲ့ james
ထိုအခါမှ jack ကသတိထားမိပုံရပြီး ထိုင်နေတဲ့ ဆိုဖ်မှထကာ Luther နားရောက်လာပြန်သည်။
" ဟုတ်သားပဲ မရီး တစ်စုံတစ်ယောက်နဲ့ ဝင်တိုက်မိတာလား "[ host လိမ်လိုက် ]
' ဟမ် ဘာလို့လဲ '
[ ပြီးမှ ဆဲဗင်းပြောပြမယ် ]
' အင်း '
" မဟုတ်ပါဘူး jack မင်းအတွေးလွန်နေတာပါ " Luther လဲဆဲဗင်းပြောတဲ့အတိုင်း လိမ်လိုက်လေသည်။ ဒါကို james နဲ့ jack ကမယုံသလိုကြည့်နေသေးသည်။ ပြီးမှ
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း ( System ) (Complete)
Fantasyအကောင့်ဟောင်းထဲ ပြန်ဝင်မရတော့လို့ ဒီအကောင့်လေးမှာပဲ အစကနေအဆုံးထိတင်ပေးပါတော့မယ်နော် ( စာပြင်ထားပါတယ် )