Arc 4.7

775 41 7
                                    

Unicode

ဘာလိုလိုနဲ့ Luther  တစ်ယောက် ဒီကမ္ဘာကိုရောက်တာ ၁ပတ်ပြည့်သွားလေပြီ။ ဇာတ်ကားကလဲ အတော်အသင့်တော့ပြီးသွားပေမဲ့ အပိုင်းဆက်ဇာတ်ကားဖြစ်တာကြောင့် အချိန်တစ်ခုထိတော့ ပြီးမယ်မထင်။

ရိုက်ကွင်းကလူတွောလဲ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးနေကြလေပြီ။ ရင်းနှီးတယ်ဆိုတာထက် ပိုနေတာကတော့ ဒါရိုက်တာနဲ့ မင်းသမီးပေါ့။ Alice တစ်ယောက်ကတော့ ထူးဆန်းနေတယ် အခုထိဘာလှုပ်ရှားမှုမှ မပြင်ဆင်သေးပေ။ သူ(Alice) ဘာမှမလုပ်တာလဲ တစ်မျိုးကောင်းပါတယ် သူ့(Luther) အတွက်အနားယူလို့ကောင်းတာပေါ့။

" Luther "
သူစဥ်းစားနေတုံး Alice ကသူ့ကိုခေါ်လာသည်။

" ပြောလေ "

" ဟိုလေ ငါ့ကိုတစ်ခုလောက်ကူညီပါလား "

" ဘာကူညီပေးရမလဲ  ပြောလေ "

" အဲ့တာက.. "

" Boo ဘာလုပ်နေတာလဲ ကိုယ်လိုက်ရှာနေတာ" Alice စကားမဆုံံးခင် James ကရောက်လာသည်။

" ဘာလို့လဲ အရေးကြီးလို့လား Darling "

" ကိုယ်  Ent ကိုပြန်သွားရမယ် "

"  ထပ်ပြီးတော့လား နေ့တိုင်း Ent ကိုသွားရတာနော် Darling အလုပ်များနေတာဆိုလဲ Boo နောက်လိုက်မနေနဲ့ အလုပ်မှာပဲအာရုံစိုက်ပါ "

သူတကယ်ကို စိတ်တိုပါသည်။ ရိုက်ကွင်းစတဲ့နေ့ကစပြီး Ent ကိုနေ့တိုင်းသွားနေတာ ပြောတော့အလုပ်မရှိဘူးဆိုပြီး တစ်ခါတစ်ေလဆို သူ့ကိုတောင်လာမကြိုနိုင်အောင် အထိ အလုပ်ရှုပ်နေတာ။

" မဟုတ်ပါဘူး Boo ရယ် ကိုယ့်အလုပ်က တကယ်အရေးကြီးလို့ပါ "
James လဲ စိတ်ဆိုးနေတဲ့သူ့ကလေးကို ဘယ်လိုပြန်ချော့ရမယ်မသိတော့။ သူကလဲ သူ့အပြစ်နဲ့သူမလို့ ဘာဆင်ခြေမှထပ်မပေးနိုင်။

" Alice ကျွန်တော်တို့ တခြားနေရာမှာ စကားသွားပြောရအောင် "

" အာ ဟုတ်ကဲ့ "

"  Boo ခဏလေး Boo "
James ဘယ်လိုခေါ်ခေါ် Luther ကတော့လှည့်ပင်မကြည့်တော့ပဲ Alice နဲ့အတူထွက်သွားတော့သည်။

" အဆင်ပြေရဲ့လား Luther "

" ဟင် ပြေပါတယ် မင်းအကူညီတောင်းမယ်ဆိုတာက "

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now