Unicode
သုံးလကြာပြီးနောက် အရာအားလုံးက အဆင်ပြေနေပြီး ပြောင်းလဲသင့်တာဘဲပြောင်းလဲသွားသည်။ ခဲလ်နဲ့ ဇန်က အရင်ကထက်ပို၍ရင်းနှိးလာကြပြီး သူတို့ရဲ့လက်ထက်ပွဲရောက်ဖို့ လေးလသာလိုတော့သည်။ ဇန်က သူ့ရဲ့အမကို ခဲလ်မသိအောင်ရှာဖွေနေသည်။ ခဲလ်ကလဲထိုနည်းတူစွာပင် မီကို ဇန်မသိအောင်ရှာဖွေနေသည်။ မီကို အဆုံးစီရင်ဖို့ကြံစီနေစဥ်အတွင်း မီဟာ မှင်စာဇီးရဲ့အကူအညီနှင့် လွတ်မြောက်သွားပြီး ပျောက်ဆုံးနေသည်မှ ယနေ့အထိပင်။
မနက်ဖြန်ဆိုရင် ဇန်ရဲ့ အသက် 350ပြည့်မွေးနေ့ရောက်တော့မည်။ ဇန်က နတ်ဆိုးအရှင်ကို အပူကပ်ကာ မွေးနေ့လက်ဆောင်အဖြစ် ပုံရိပ်ယောင်ကမ္ဘာဖန်တီးပေးရန်ပြောသည်။ သူ(ဇန်) ပျင်းတဲ့အချိန် ပုံရိပ်ယောင်ကမ္ဘာထဲဝင်ဆော့ချင်ကြောင်း ပြောပြီး ပူဆာလာသည်။
ဇန့်ရဲ့ အချွဲစကားတွေကို ကြာကြာနားမထောင်နိုင်တဲ့ ခဲလ်က ဇန့်ရဲ့စကားအတိုင်း ပြုလုပ်ပေးမယ်ဟုကတိပေးလိုက်ရတော့သည်။ သို့ပေမဲ့ နတ်ဆိုးအရှင်ရဲ့ ကြီးမားလှတဲ့ အရှုပ်တွေအလုပ်တွေကြောင့် ထိုပုံရိပ်ယောင်ကမ္ဘာကို တန့် အားစီစဥ်ခိုင်းရတော့သည်။
ယနေ့ ဇန့်ရဲ့မွေးနေ့ဖြစ်တာကြောင့် နတ်ဆိုးဘုံတစ်ခုလုံးအလုပ်များနေသည်။ ကြင်ယာတော်ကို မျက်နှာတစ်ချက်အပျက်မခံတဲ့ အရှင်က ကြင်ယာတော်ရဲ့ မွေးနေ့ပွဲကို ကြီးကျယ်ခမ်းနားအောင် ပြုလုပ်ပေးရမယ် ဆိုတဲ့အမိန့်ကြောင့် ဘုံသားအားလုံး မလုပ်ဖူးတဲ့အလုပ်ပေါင်းစုံကိုလုပ်နေရသည်။
တန် တစ်ယောက်လဲ နားမနေရပါ ပုံရိပ်ယောင်ကမ္ဘာကိုပြေးလိုက် အရှင်ဇန့်အနားပြေးလာလိုက်နဲ့ အလုပ်ရှုပ်နေသည်။ ထိုအချိန်တွင် အေးအေးဆေးဆေးနေရတဲ့သူကို ပြပါဆိုရင်တော့ ကြင်ယာတော်ဇန််ကို လက်ညိုးထိုးပြရလိမ့်မည်။ ဘယ်သူတွေ ဘယ်လောက်အလုပ်ရှုပ်ရှုပ် ဂရုမစိုက် သူမွှေစရာရှိတာကို ရိုးရာမပျက်မွှေနေလေရဲ့။
~~~~~~~~~~~~~~~~~
" ဇီး သင့်ရဲ့သီတင်းကမှန်ရဲ့လား "" နတ်ဆိုးဘုံက အစောင့်ကိုယ်တိုင်ပြောလိုက်တာ "
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း ( System ) (Complete)
Fantasyအကောင့်ဟောင်းထဲ ပြန်ဝင်မရတော့လို့ ဒီအကောင့်လေးမှာပဲ အစကနေအဆုံးထိတင်ပေးပါတော့မယ်နော် ( စာပြင်ထားပါတယ် )