Arc 4.1

988 58 4
                                    

Unicode
" အာ့နာလိုက်တာ "

ထူးခန့်ပိုင် ရောက်ရောက်ချင်း လူတစ်ယောက်နဲ့ တိုက်မိခြင်းပင်။ တိုက်မိတဲ့မိန်းကလေးက လမ်းအားနောက်ပြန်လျှောက်နေချိန် သူနဲ့တိုက်မိတာဖြစ်သည်။

" Luther အဆင်ပြေရဲ့လား ငါတောင်းပန်ပါတယ်နော် နင်အနောက်မှာရောက်နေမှန်းမသိလို့ပါ "

ထူးခန့်ပိုင် ဘာမှပြန်မပြောရသေးခင် ဆဲဗင်းက

[ host အဆင်ပြေကြောင်းပြောပြီး ဇာတ်ကြောင်းဖတ်ဖို့ လူရှင်းတဲ့နေရာကို မြန်မြန်သွားပါ ]

" အဆင်ပြေပါတယ် "

ထူးခန့်ပိုင်လဲ ဆဲဗင်းပြောသလိုလုပ်ကာ လူရှင်းတဲ့သန့်စင်ခန်းကိုထွက်လာခဲ့တော့သည်။

' ကဲ ပြောဇာတ်ကြောင်း ပြီးတော့ ငါဝင်ထားတဲ့ကိုယ်က ရောဂါများဖြစ်နေသလား ဖြူစွတ်နေတာမှ သွေးစုတ်ဖုတ်ကောင်တောင် အဖေခေါ်ရတယ် ရိုးရိုးတန်းတန်းဖြူတာဆို ကိစ္စမရှိဘူး ခုကြည့်ဦး သွေးမရှိတဲ့လူကျနေတာပဲ အယူသီးတဲ့လူနဲ့တွေ့ရင် ငါ့ဖုတ်ကောင်ထင်နေမယ် '

[ ဟိုလေ အဲ့တာက ဇာတ်ကြောင်းကိုဖတ်ရင် သိပါလိမ့်မယ် ဇာတ်ကြောင်းထည့်ပေးလိုက်ပါပြီ ]

ထူးခန့်ပိုင်လဲ သူ့ဆီရောက်လာတဲ့ ဇာတ်ကြောင်းကိုဖတ်ကြည့်တော့ ဒီကမ္ဘာရဲ့ ဇာတ်လိုက်က Alice (အဲလစ်) တက်သစ်စမင်းသားတစ်ယောက် ဇာတ်လိုက်မကတော့ Wine (ဝိုင်) သူမက အောင်မြင်နေတဲ့ဒါရိုက်တာ ဗီလိန်ကတော့ sophia ( ဆိုဖိယာ) နိုင်ငံကျော်မင်းသမီး

ဇာတ်ကြောင်းကိုမပြောခင် ရုပ်ရှင်လောကအကြောင်းအရင်ပြောကြတာပေါ့... ရုပ်ရှင်လောကမှာ မကြားဖူးသူမရှိတဲ့အပြင် နာမည်ကြီးမင်းသမီး မင်းသားတွေကိုမွေးထုတ်ပေးတဲ့ entertainment နဲ့စကြရအောင်။ J entertainment နဲ့ MK entertainment ထိုနှစ်ခုလုံးကနာမည်ကြီးတယ် စည်းကမ်းလဲအရမ်းကြီးတယ် အဲ့ entertainment ကိုဝင်ခွင့်ရဖို့မလွယ်ကူတဲ့အပြင် နောက်ဖေးပေါက်ကနေဝင်ရဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပေါ့။ ဒါ့အပြင် J entertainment boss ' James (ဂျိမ်း) နဲ MK entertainment boss ' Jack (ဂျက်)' ကညီကိုအရင်းတွေ တစ်ယောက်နဲ့တစ်ယောက်လဲအရမ်းချစ်ကြတယ်။ ဟုတ်ပြီ ဒါဆိုဇာတ်လမ်းစကြတာပေါ့။

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now