Unicode
' အာ့ ကျွတ် ကျွတ် နာလိုက်တာ '
ထူးခန့်ပိုင် ခေါင်းကိုကိုင်ကာ ငြီးလိုက်မိသည်။ ထိုအချိန်ပိုင်ပိုင်ရောက်လာကာ[ host အဆင်ပြေရဲ့လား နာကျင်မှုသက်သာအောင် လုပ်ပေးထားပါတယ် ဇာတ်ကြောင်းပို့ပေးလိုက်ပါပြီ ]
နာကျင်မှုသက်သာအောင်လုပ်ပေးတာကြောင့် ကျေးဇူးတင်မယ်ရှိသေး နောက်ကပြောလိုက်တဲ့စကားသံအဆုံးတွင်တော့ သူဒါဏ်မခံနိုင်စွာနဲ့မေ့လဲသွားသည်။မူလကိုယ်က အားနည်းတာလဲပါလိမ့်မယ်ထင်သည်။
ထူးခန့်ပိုင်ပြန်နိုးလာတော့ ခေါင်းမှနာကျင်မူကမရှိတော့ ဒါက ပိုင်ပိုင်လုပ်ပေးထားတာကြောင့်ပင်။ ထူးခန့်ပိုင် အိပ်နေရာမှထလိုက်ပြီးပတ်ဝန်းကျင်ကိုစူးစမ်းလိုက်သည်။ သူရောက်နေတာက မူလကိုယ်ရဲ့အိပ်ခန်းဖြစ်သည်။ အခန်းအပြင်ဆင်ကိုကြည့်ခြင်းအားဖြင့် သူဟာဘယ်ကမ္ဘာရောက်နေလဲသိသည်သည်။ သူထိုင်နေတာကတော့ ကြီးမားတဲ့ အိပ်ရာကြီးပေါ်တွင်ဖြစ်ပြီး ထိုအိပ်ရာကြီးက အနက်ရောင်ပင် အခန်းထဲမှအသုံးအဆောင်အများစုဟာလဲ အနက်ရောင်တွေပဲဖြစ်သည်။
[ host ဇာတ်ကြောင်း ကိုဖတ်ပါတော့ အမြန် ]
ပိုင်ပိုင်ရဲ့အလောတကြီးအသံကြောင့် သူလဲဇာတ်ကြောင်းဖတ်လိုက်တော့သည်။
ဒီကမ္ဘာရဲ့ဇာတ်လိုက်ကတော့ ရာဇာဧကရာဇ် သီဟရာဇာနိုင်ငံရဲ့ ဘုရင်တစ်ပါး။ သူ့တွင်မိဖုရားနှစ်ပါးသာရှိသည်။ ဇာတ်လိုက်မ ပြုံးမူသွဲ့(မိဖုရားခေါင်) နှင့် ဗီလိန်လေး ပယင်း ( အနောက်နန်းဆောင်ရမိဖုရား ကော) တို့ပဲဖြစ်သည်။ဇာတ်လိုက်ဖြစ်တဲ့ဘုရင်က တိုင်းရေးပြည်ရေးကလွဲလို့ ကျန်တာစိတ်ဝင်စားပေ သူ့မှာရှိတဲ့မိဖုရားနှစ်ယောက်အပါအဝင်ပေါ့။ ဇာတ်လိုက်မကတော့ ချိုသာယဥ်ကျေးသည် ဘုရင်ကသူမကိုတစ်ချက်မျှမကြည့်တာတောင် အပြစ်မဆိုခဲ့ပေ အောက်လက်ငယ်သားတွေကိုလဲတန်းတူဆက်ဆံသည်။ တစ်နေ့ဗီလိန်ဖြစ်တဲ့ ပယင်းကဇာတ်လိုက်မကို အပြင်းအထန်ရိုက်နှက်နေတာကို ဇာတ်လိုက်ကတွေ့သွားသည်။ ဒါကြောင့် ဗီလိန်ကို မိဖုရားအဆောင်အယောင်တွေသိမ်းကာ သာမန်လူလိုနေထိုင်စေတော့သည်။ ဇာတ်လိုက်မကတော့ တစ်ပတ်လောက်ဖျားသွားသည်။ ဇာတ်လိုက်ကလဲ ဇာတ်လိုက်မဖျားတာဟာ သူ့အပြစ်မကင်းဟုဆိုကာ မငြီးမညူပြုစုပေးရင်း သံယောဇဥ်တွယ်ကာ ချစ်ကြိုက်သွားကြတော့သည်။ပယင်းကတော့ အကြောင်းအရင်းရှာမရပဲ သေဆုံးသွားရှာသည်။
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း ( System ) (Complete)
Fantasyအကောင့်ဟောင်းထဲ ပြန်ဝင်မရတော့လို့ ဒီအကောင့်လေးမှာပဲ အစကနေအဆုံးထိတင်ပေးပါတော့မယ်နော် ( စာပြင်ထားပါတယ် )