Arc 1.2

1.7K 117 5
                                    

Unicode

( ထူးခန့်ပိုင်ကို ကုချန်းဖေ့လို့ပဲသုံးပါမယ်နော် )

ကုအိမ်တော်သို့ အရှိန်မှန်မှန်ဖြင့်မှောင်းနှင်လာတဲ့ ကားတစ်စီး ထိုကားပေါ်တွင် ကုအိမ်တော်ရဲ့ ပထမသခင်လေး ကုချန်းဖေ့ လိုက်ပါစီးနှင်းလာသည်။

' ဝါး ခမ်းနားလိုက်တဲ့အိမ်ကြီး '

[ Top 10 စာရင်းထဲဝင်တဲ့ သူဌေးတွေပဲ ဒီလောက်တော့ရှိမှာပေါ့ host ရယ် ]

ချန်းဖေ့ရဲ့ အံအားသင်မှုကိုဖျက်စီးလိုက်တဲ့ ပိုင်ပိုင်ပါလေ

' ငါကဒီတိုင်း အံဩသွားလို့ပါကွ မင်းကလဲ '

[ ဟုတ်ပါပြီလေ ] ဆိုကာ မယုံသလိုလိုအသံနဲ့ပြောလာတဲ့ ပိုင်ပိုင်က အမြင်ကပ်ဖို့ကောင်းပေမဲ့လဲ ချစ်စရာအသွင်လေးကြောင့် ဘယ်လိုမှအမြင်ကပ်မရတာအမှန်။

ချန်းဖေ့နဲ့ ပိုင်ပိုင်တို့ ဆက်သွယ်နေစဥ်မှာပဲ ချန်းဖေ့သီးလာတဲ့ကားလေးက ကုအိမ်တော်ရှေ့သို့ ရောက်ရှိပြီဖြစ်တာကြောင့် ကုသခင်ကြီးနဲ့လူယုံက ချန်းဖေ့အား

" သခင်လေး အိမ်တော်ကိုရောက်ပါပြီ သခင်ကြီးက စာဖတ်ခန်းထဲမှာစောင့်နေပါတယ် "

" အင်း သိပြီ " ချန်းဖေ ထိုမျှသာပြန်ဖြေလိုက်သည်။ လူယုံကတော့ ချန်းဖေ့အား အမှာစကားပါးပြီးတာနှင့် သူအလုပ်ကိုဆက်လုပ်ဖို့ ထွက်သွားချေပြီ။

[ host စာဖတ်ခန်းက ဒုတိယထပ်မှာပါ]

' အားရှ် ဒီလောက်လှေကားတွေများတာကို ပထမထပ်လောက်ဆိုတော်ပေါ့ '
လမ်းညွှန်ပြနေတဲ့ ပိုင်ပိုင့်ကို အထွန့်တက်နေတဲ့ ချန်းဖေ့ပါလေ။

[ ပထမထပ်က လျှိ့ဝှက်အစည်းဝေးတွေ မိသားစုတွေ့စုံပွဲတွေ အထူးဧည့်သည်နဲ့တွေ့ဆုံရတဲ့အခါ သုံးတာမလို့ အလွတ်ပါ ဒုတိယအထပ်က ကုအိမ်တော်ရဲ့ မိသားသုတွေနေတာပါ  ထတိယထပ်ကတော့ ကန့်သတ်ထားတဲ့အထပ်ပါ ကုသခင်ကြီးကလွဲပြီး ဘယ်သူမှတက်လို့မရပါဘူး ] ပိုင်ပိုင်တစ်ယောက်တော့ ဇာတ်ကြောင်းစုံအောင်မဖတ်တဲ့ သူ့ host ကို ကုအိမ်တော်အကြောင်းကို ထပ်ရှင်းပြရလေသည်။

' ဟင် ဒါဆိုအဲ့အထပ်ကြီးက ဖုန်တွေနဲ့ပြည့်နေမှာပေါ့ '

[ ဖုန်စုတ်စက်ရှိတယ်လေ ]

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now