Part-2

2.5K 99 0
                                    

Unicode

အဲ့ကလေးက...သခင်တစ်ယောက်ပဲပိုင်တဲ့
"သခင့်ဝိုင်"

အိမ်တော်ခြံဝန်းတံခါးပွင့်သွားပြီး အိမ်ကြီးထဲကိုရောက်ဖို့ (၁၅) မိနစ်ခန့် ကားမောင်းရသေးသည်။ အဝင်လမ်းဘေးပတ်လည်တွင်လည်း စနစ်တကျ ပုံသွင်းစိုက်ပျိုးထားသော သစ်ပင်ကြီးများက ဝန်းရံနေသည်။

"ဦးလေး ကလေးကော"

"အနောက်ဘက် ပန်းခြံမှာ ကစားနေပါတယ်"

"ဒါ ပန်းကန်နဲ့ထည့်ပေးပြီးလာပို့ခိုင်းလိုက်"

"ဟုတ်ကဲ့"

အိမ်တော်ထိန်း ကို Cake ဝယ်လာသည့် အထုပ်ပေးပြီး မင်းဆက် လျှောက်လာသည်က အိမ်တော်အနောက်ဘက် ပန်းခြံဆီသို့။

ပန်းပင်များကြားထဲတွင် အဖြူရောင်တီရှပ်လေးနဲ့ ကိုယ်သေးသေးလေးကိုမြင်နေရသည်။ ခေါင်းဖြူလုံးလုံးလေးက ငုံ့ထားပြီး လက်တွေကလည်း ပန်းအိုးတွေကြားအလုပ်ရှုပ်နေလေသည်။ ပျိုးပင်လေးတွေအသစ်စိုက်ဖို့ရယ်နှင့် အနည်းငယ်ကြီးလာပြီဖြစ်သည့် အပင်ပေါက်လေးတွေကို အိုးအသစ်ထဲပြောင်းထည့်ဖို့ အလုပ်ရှုပ်နေတာဖြစ်မည်။

"သခင့်ဝိုင်.!"

ရုတ်တရက်ကိုယ်လေးတစ်ချက်တုန်သွားပြီး ဖြည်းဖြည်းချင်း နောက်လှည့်ကြည့်လာသည့် ခေါင်းဖြူလေးက သူဘာအပြစ်လုပ်မိမှန်းသိသည့်ပုံပင်။ မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးထားရာမှ မင်းဆက် ချက်ချင်းပြုံးပြလိုက်တော့ ပင်လယ်ပြာရောင်မျက်ဝန်းလေးပျောက်သွားသည်အထိ အပြုံးလှလှလေးပေါ်လာပြီး မင်းဆက်ဆီပြေးလာသည်။

"သခင်.!"

ကိုယ်ပေါ်ခုန်တက်လာသောကလေးငယ်ကို တင်ပါးမှထိန်းထားပေးရင်း ပန်းပင်စိုက်နေသောနေရာဆီသို့ချီလာခဲ့သည်။ မင်းဆက်ဝတ်ထားသောအင်္ကျီမှာလဲ ကလေးငယ်ဆီမှ မြေကြီးတို့ဖြင့်အနည်းငယ် ညစ်ပေသွားသည်။

"ကိုယ် ပြန်လာမှတူတူလုပ်မယ်လို့ပြောခဲ့တယ်မဟုတ်လား"

သခင့်ဝိုင် [Master's Wine]Where stories live. Discover now