Part-14

1.4K 78 9
                                    

Unicode

...ကျိုင်းတုံမြီးရှည် စားသောက်ဆိုင်...

"သခင့်ဝိုင် ဘာစားချင်လဲ"

"တို့ဟူးနွေး နဲ့ ရှမ်းတို့ဟူးကြော်..အင်း အဲ့တာစားမယ်ဗျ"

ဆိုင်မှကောင်မလေးက ရေးမှတ်နေသည်။ မင်းဆက် menu ကိုကြည့်ပြီး

"ကျိုင်းတုံမြီးရှည်တစ်ပွဲ...ဟင်းထုပ်ရလား"

"ဟင်းထုပ်က..ပုံမှန်ဆိုညီမတို့ဆိုင်မှာမရပါဘူးရှင့်။ ဒီနေ့တော့ ညီမတို့ဆိုင်ကသူဌေးမွေးနေ့ဆိုတော့ လာသမျှစားသုံးသူဧည့်သည်တွေကို ဟင်းထုပ်နဲ့ ဧည့်ခံဖို့ပြောထားပါတယ်ရှင့်"

"ဪ..ဒါဆိုအဆင်ပြေတာပေါ့။ မင်းတို့လဲစားချင်တာမှာလေ"

စားချင်တာတွေအသီးသီးမှာကြပြီး စောင့်နေကြရင်း အလုပ်အကြောင်းပြောနေကြသည်။ သခင်ကအလုပ်အကြောင်းပြောနေတော့ ကျွန်တော်ကအလိုက်သင့်လေးငြိမ်နေပေးရင်း ရေနွေးခွက်ကိုလက်လှမ်းလိုက်သည်။ ကျွန်တော့်လက်မတိုင်ခင် အရင်ဦးပြီးရေနွေးခွက်ကို လက်ဦးသွားသည့် သခင့်လက်။ အစ်ကိုစိုင်းရန်ပြောသမျှကိုနားထောင်နေရင်း သခင်က ရေနွေးကိုမှုတ်ပေးနေသည်။ တမေ့တမောငေးကြည့်နေရင်း....သခင်ကရေနွေးခွက်လေးကိုပြန်ကမ်းပေးလာသည်။

"ခုနကပူနေသေးတယ်လေ"

"ဟုတ်ကဲ့ဗျ"

အလုပ်အကြောင်းဆက်ဆွေးနွေးနေပါသော သခင်။ အာရုံစူးစိုက်နေသောမျက်ဝန်းတွေနှင့် ဒီယောက်ျားက သိပ်ကိုခန့်ညားပါသည်။ တစ်ချက်တစ်ချက်ဝေ့ကြည့်လာသော မျက်ဝန်းတို့အား ပြုံး၍ခေါင်းခါပြရင်း သခင့်ရဲ့ခမ်းနားမှုအောက်ပျော်ဝင်နေမိသည်။

ခဏကြာတော့ မှာထားသည့်အစားအသောက်များရောက်လာသည်။ တို့ဟူးနွေးပန်းကန်ကိုမွှေနေရင်းကနေ သခင့်လက်ထဲမှ ကျိုင်းတုံမြီးရှည်ပန်းကန်ကိုလဲ စိတ်ကရောက်နေသေးသည်။ သို့ပေမဲ့ခွင့်မတောင်းရဲ။

"မြည်းကြည့်ချင်လို့လား"

"အဲ့လိုရလား"

"ခွင့်တောင်းစရာမှမလိုတာ သခင့်ဝိုင်"

သခင့်ဝိုင် [Master's Wine]Where stories live. Discover now