Unicode
"လိမ္မာတယ်သခင့်ဝိုင်။ စာတွေသေချာလုပ်ထားတာပဲ"
"ဟုတ်ကဲ့ဗျ"
"ကဲ ရေသွားချိုးပြီးအဝတ်လဲခဲ့။ပြီးရင် အောက်ထပ်ဧည့်ခန်းမှာစောင့်နေ"
"ဟုတ်ကဲ့ သခင်"
မင်းဆက်လဲ ရေချိုးကာ ပွဲတက်ဝတ်စုံကိုသေချာဝတ်ဆင်ပြီးအောက်ထပ်ဆင်းလာခဲ့သည်။ ပွဲသို့လိုက်မည့် ကာရန်နှင့်ခွန်းချိုသည်လည်း ပွဲတက်ဝတ်စုံများဖြင့် အသင့်ရပ်စောင့်ပေးနေကြသည်။ ဆိုဖာပေါ်တွင်တော့ T-shirt အနက်ရောင်ကို ဘောင်းဘီတိုအနက်လေးနဲ့တွဲဝတ်ထားသောကောင်လေးကလွယ်အိတ်လေးလွယ်ရင်းထိုင်စောင့်နေသည်။
"အဆင်သင့်ဖြစ်ပြီလား သခင့်ဝိုင်"
"ဟုတ်ဗျ"
"အိမ်ပြန်နောက်မကျနဲ့။ ကိုယ်ပြန်လာရင် အိမ်ပြန်ရောက်နေတာမြင််ချင်တယ်"
"ဟုတ်ကဲ့ပါဗျ"
"လာ ကားပေါ်တက်ရအောင်"
စိုင်းကာရန်က ကားမောင်းပေးပြီး ဘေးတွင်အတွင်းရေးမှူးအနေနှင့် ခွန်းချိုကထိုင်လိုက်လာသည်။ အနောက်ခန်းတွင်တော့ သခင့်ဝိုင်နှင့်မင်းဆက်။ ထက်ဦးရှိန်၏အိမ်က THAKHIN အိမ်ရာဝန်းထဲမှာပဲရှိသည့်အတွက်သိပ်တော့အဝေးကြီးမသွားလိုက်ရပေ။
"သခင် သားသွားတော့မယ်နော်"
"အင်း ဂရုစိုက်"
ကားတံခါးလက်ကိုင်ကိုကိုင်ရင်း မဖွင့်သေးဘဲ ခဏရပ်နေသောကောင်လေးကြောင့်
"သခင့်ဝိုင်လေး သခင့်ဆီလာပါဦးကွာ"
ချက်ချင်းခေါင်းပြန်လှည့်လာပြီး ပြုံးနေသောကောင်လေးကြောင့် မင်းဆက်အမောပြေရသည်။ ပါးတစ်ဖက်ကိုနမ်းရှိုက်လိုက်တော့ နူးညံ့တဲ့ပါးလေးကစွဲမက်စရာပင်။
"ကောင်းကောင်းသွားပါဗျ"
ကားပေါ်ကဆင်းသွားပြီး လက်ပြကာကျန်ရစ်နေခဲ့ကောင်လေးရဲ့ပုံရိပ်ပျောက်သွားသည်ထိ မင်းဆက်ကြည့်နေမိသည်။
"ဪ...ပင်လယ်ဝိုင် မင်းရောက်ပြီလား လာလာ အိမ်နောက်ဘက်ခြံထဲမှာ အဖွားကမုန့်လုပ်ပေးနေတာ"
![](https://img.wattpad.com/cover/304608257-288-k915082.jpg)