Part-17

1.3K 86 14
                                    

Unicode

"အမှတ်စာရင်းရပြီလား သခင့်ဝိုင်"

"ဟုတ်ကဲ့ ဒီမှာပါ သခင်"

လွယ်အိတ်ထဲမှ အမှတ်စာရင်းစာရွက်နှင့်အဖြေလွှာထုပ်ကို ရှေ့မှစားပွဲပေါ်တင်ပေးလိုက်သည်။ အမှတ်စာရင်းတွင် ကျောင်းရှိ ဆယ်တန်းလူအားလုံး၏အမည်နှင့်ဘာသာရပ်ဆိုင်ရာအမှတ်တွေကိုပါ ဇယားချပြီး အစဉ်လိုက်ရေးထားသည်။ မိမိရရှိသည့်အဆင့်ကို စာရွက်ထိပ်တွင်ရေးထားသည်။ သခင့်ဝိုင်က အဆင့်(၉)ရသည်။ အိတ်ထဲတွင် မိမိ၏အဖြေလွှာစာရွက်ထုပ်ကိုပါ တစ်တွဲထဲထည့်ပေးထားသည်။

"အင်း Physics နဲ့ထိလာတာပဲ"

ကျန်သည့်science ဘာသာရပ်များတွင် အမှတ်က (၈၀)ကျော်ပြီး ကိုးဆယ်နားကပ်နေသည်။ မြန်မာစာနှင့် English စာတွင်လည်း အမှတ်က (၇၀)ကျော်ပြီး ဂုဏ်ထူးမှတ်နားကပ်နေသည်။ Bio ဆိုလျှင် (၉၈)တောင်ရသည်။ Physics ကျတော့ (၅၂)မှတ်တဲ့။

"သွား ရေသွားချိုးထား။ ဒီကိစ္စကိုညမှဆက်ပြောမယ်။ ခဏနေ သင်္ချာGuide လာတော့မှာ"

"ဟုတ်ကဲ့"

အိမ်တော်ထိန်းအား ကလေးငယ်ထမင်းစားဖို့ကိုလဲပြင်ခိုင်းထားလိုက်သည်။ ဒီနေ့ Guideက နှစ်ချိန်စာအတွက်ဆိုတော့ အခုမစားထားလျှင်ဒီကလေးဗိုက်ဆာလိမ့်မည်။

မင်းဆက်ကတော့ ဧည့်ခန်းဆိုဖာမှာထိုင်နေရင်းပင် အဖြေလွှာထုပ်ထဲမှ Physics အဖြေလွှာကိုထုတ်ကြည့်နေသည်။ Physics ၏အမှတ်ပေးစည်းမျဉ်းသည်အခြားဘာသာရပ်တွေထက် ပိုပြီးတင်းကျပ်သည်။ symbol ရေးလို့မရဘဲ symbol အပြင် စာအရှည်ပါထည့်ရေးခိုင်းသည်။ မရေးထားလျှင်အမှတ်လျှော့သည်။

ကလေးငယ်၏အဖြေလွှာမှာဆိုလျှင် velocity,v ဟုမရေးဘဲ v တစ်လုံးထဲသာရေးထားသောကြောင့် အမှတ်လျှော့ခံထားရသည်။ အပြည့်မပေး။ ထိုသို့နှင့် ဟိုနားတစ်မှတ်ဒီနားတစ်မှတ်က တော်တော်ထိနေသည်။ ဒါ့အပြင် ဒီကလေး definition တွေတစ်ပုဒ်မှမဖြေထားပါ။ notes တွေလဲသေချာကျက်ပြီးမဖြေထားမှန်းသိသာတယ်။ မှင်နီဝိုင်းတွေဟာစာမျက်နှာအပြည့်။ Notes တွေကို ကိုယ်နားသလိုရေးထားမှန်းသိသာသည်။

မြန်မာနိုင်ငံကပညာရေးသည် Notes တွေမှာရှင်းလင်းချက်တွေရေးရင်တောင် ကျောင်းသားဘက်က နားလည်သလိုရေးခွင့်မရှိ။ သူတို့ ပြဌာန်းစာအုပ်မှာပါသည့်အတိုင်း တစ်လုံးမကျန်အလွတ်ကျက်ပြီးဖြေမှ အမှတ်ပေးသည်။ ကလေးငယ်ကတော့ သူနားလည်သဘောပေါက်သလိုချရေးထားတော့ အမှတ်မရ။

သခင့်ဝိုင် [Master's Wine]Where stories live. Discover now