Unicode
"နှစ်ဝက်စာမေးပွဲနီးနေပြီ။ စာတွေအဆင်သင့်ဖြစ်ပြီလား သခင့်ဝိုင်"
"ဖြစ်သင့်သလောက်တော့ ဖြစ်နေပါပြီဗျ"
"သခင့်ဝိုင်လေး အကောင်းဆုံးကြိုးစားမယ်ဆိုတာကိုယ်သိပါတယ်"
ဆုံးဖြတ်ချက်ချထားပြီးလျှင် မဖြစ်ဖြစ်အောင်လုပ်တတ်သော သခင့်ဝိုင်၏အကျင့်ကို မင်းဆက်သဘောပေါက်ပြီးသားပင်။ မလုပ်ဘူးဟု ဆုံးဖြတ်ထားလျှင်လည်း ဘယ်အရာနှင့်ခြိမ်းခြောက်နေပါစေ သခင့်ဝိုင်က ဂရုမစိုက်တတ်သည့်ပုံစံ။
ကျောင်းမတက်ခင်က သေချာပေါက် အနည်းဆုံး (၅)ဘာသာဂုဏ်ထူးပါအောင်ဖြေပါမည်ဟု ပြောထားသည်မို့ မင်းဆက် ဒီကလေးကိုယုံကြည်သည်။
"ဒီစာမေးပွဲပြီးရင် သီတင်းကျွတ်ပိတ်ရက်ရှိတယ် မဟုတ်လား"
"ဟုတ်ကဲ့ ပိတ်ရက်(၅)ရက်ရတယ်ဗျ"
"အင်း စာမေးပွဲအတွက်သာအာရုံစိုက်။ ခဏနေကိုယ်နဲ့အတူ စာလိုက်လုပ််ချင်လား"
"ဟုတ်ကဲ့"
"ဒါဆို ထမင်းစားပြီးရင် စာအုပ်ယူပြီး ကိုယ့်အလုပ်ခန်းထဲသွားနေ"
"ဟုတ်ကဲ့ဗျ"
"ကောင်းမွန်သောညစာအတွက်ကျေးဇူးပါသခင်"
အသံချိုချိုလေးကြောင့် မင်းဆက်ပြုံးလိုက်သည်။ ကောင်ငယ်လေးကတော့ ထမင်းစားခန်းက ထွက်သွားပြီးနေပြီ။ ညစာစားပြီးသောပန်းကန်များကို အစေခံမိန်းကလေးများကသိမ်းဆည်းသွားသည်။မင်းဆက်က အိမ်တော်ထိန်းကို
"ဦးလေး စာမေးပွဲရက်အတွင်း သခင့်ဝိုင်အတွက်အစားအသောက်ကို ကျွန်တော်ကိုယ်တိုင်စီစဉ်မယ်"
"ဟုတ်ကဲ့ သခင်ကြီး"
မင်းဆက် အလုပ်ခန်းထဲဝင်လာတော့ မင်းဆက်စားပွဲနှင့်မလှမ်းမကမ်းတွင် သခင့်ဝိုင်က စာထိုင်တွက်နေသည်။
"Circle လား"
"ဟုတ်ဗျ ဉာဏ်စမ်းစာအုပ်ထဲပါတာတွက်ကြည့်နေတာ"
"Text book ထဲကအပုဒ်တွေအကုန်ပိုင်နေပြီလား"
"ဟုတ်ကဲ့"
![](https://img.wattpad.com/cover/304608257-288-k915082.jpg)