Part-30

2.5K 77 5
                                        

Unicode

နောက်ကျမှနိုးထလာပြီး မျက်လုံးမဖွင့်နိုင်သေးဘဲ ဘေးနားကိုလက်ကလိုက်စမ်းကြည့်တော့ သခင့်နေရာ အိပ်ရာခင်းက အေးစက်နေသည်။ ထသွားတာကြာပြီဖြစ်လောက်မည်။ ဘေးနားစားပွဲခုံပေါ်က ဖုန်းကိုလှမ်းယူပြီး ကြည့်လိုက်တော့ ဆယ့်တစ်နာရီဆယ့်ငါးဆိုသည့် အချိန်ကိုပြနေသည်။

ချက်ချင်းထလိုက်ပြီး ကုတင်ပေါ်ကဆင်းလိုက်တော့ ခေါင်းက မိုက်ခနဲ။

"အား.! ရိုး..ရိုး"

ယိုင်သွားသည့်အလျှောက် ဘေးကိုစောင်းငှဲ့ကျသွားသည့်ကိုယ်က ရင်ခွင်ကျယ်တစ်ခုထံသို့မှီလျက်သားဖြစ်သွားသည်။ နွေးထွေးသည့် လက်ဖဝါးကြီးက ပခုံးတစ်ဖက်ကို အုပ်ကိုင်လာပြီး

"ဖြည်းဖြည်းထမှပေါ့"

"သခင်"

"အင်း မင်းရဲ့သခင်"

အိပ်ရာထက် ပြန်ထိုင်ချစေပြီး နဖူးပေါ် လက်တင်လာသည်။

"ဖျားတော့ဖျားမနေဘူး။ ခေါင်းကိုက်ရုံပဲမို့လား"

"ဟုတ်"

"ဒီနေ့ကျောင်းမသွားနဲ့တော့"

"ဟုတ်"

"အမူးပြေဟင်းရည် ချက်ခိုင်းထားတယ်။ ပြီးရင်သောက်လိုက််...အခုတော့ ရေအရင်ချိုးလိုက်ဦး"

"ဟုတ်"

ရေချိုးခန်းထိ လိုက်ပို့ပေးပြီး အဝတ်အစားကိုလည်း မင်းဆက်ပဲ ထုတ်ပေးနေသည်။ အရင်တစ်ခါ bathtub ထဲရေနစ်ပြီးတည်းက သခင့်ဝိုင် ရေချိုးရင် Lock မချခိုင်းတော့ပေ။

"အိမ်မှာပဲနေခဲ့မလား ကိုယ်နဲ့လိုက်ချင်လား"

"ဗျာ သခင်က ဘယ်သွားမှာလဲ"

"ကိုယ်ရုံးသွားစရာလေးရှိတယ် Meeting လေးတစ်ခုပါ"

"လိုက်ခဲ့လို့ရလားဟင်"

"ရတာပေါ့ကွ"

"ဟုတ် အာ့ဆို သားလိုက်မယ်"

"အင်း ဟုတ်ပြီ"

စားသောက်ခြင်းပြီးဆုံးတော့ Formal Suit အပြည့်ဝတ်ထားသော မင်းဆက်သခင်နှင့် Free size T-shirt ကို pant အတိုလေးတွဲဝတ်ထားသော သခင့်ဝိုင်တို့ THAKHIN Group ရှိရာ အဆောက်အအုံဆီသို့ရောက်လာကြသည်။ ရှေ့တစ်ခေါက်လာတုန်းက ရုံးပိတ်ရက်ဖြစ်သဖြင့် မည်သူမျှမရှိ။ ယနေ့တွင်တော့ သာမန်ရုံးဖွင့်ရက်များကဲ့သို့ ဖြစ်သဖြင့် အဆောက်အအုံကြီး တစ်ခုလုံးက သက်ဝင်လှုပ်ရှားနေသည်။

သခင့်ဝိုင် [Master's Wine]Where stories live. Discover now