Part-15

1.4K 78 8
                                    

Unicode

"အာ့...ဖြည်းဖြည်းလုပ်လေ အစ်မရာ"

"နင်လဲလူကသာအဖွဲ့ခေါင်းဆောင်ဖြစ်နေပြီ ပျာယီးပျာယာနဲ့။ လမ်းကိုဂရုစိုက်လျှောက်မှပေါ့"

"ငါလဲဘေးဘက်တွေငေးနေတာနဲ့ ရေတွေကိုမမြင်လိုက်မိလို့ပါဟာ"

"အစ်ကိုမင်းဆက်တို့ကိုအားနာစရာကြီး။ ဒီခရီးမှာ ငါတို့က အစ်ကိုမင်းဆက်နဲ့ သခင်လေးကိုစောင့်ရှောက်ဖို့လိုက်လာတာ။ အခုတော့ အစ်ကိုမင်းဆက်တို့ချည်းပဲ တစ်ခုခုဖြစ်ရင်..."

"ဟိုနှစ်ကောင်ပါသွားပါသေးတယ်။ ပြီးတော့ ငါ့ခြေထောက်က ဆေးစည်းထားပြီးခဏလောက်နားလိုက်ရင် ညနေကျပြန်ကောင်းမှာပါ"

"နင့်ကိုအပြစ်ပြောတာမဟုတ်ပါဘူးစစ်သွေးရယ်။ သိတဲ့အတိုင်းအစ်ကို့ကျေးဇူးတွေက ငါတို့မိသားစုအပေါ်မှာအများကြီးရှိနေတာ။ အစ်ကို့အလုပ်တွေကို သေချာဂရုစိုက်လုပ်နော် ကြားလား မောင်လေး"

"အစ်မရာ နင်အဲ့လိုတည်တည်ငြိမ်ငြိမ်ပြောတာ ငါကြက်သီးထတယ်ဟ"

"ခွေးကောင်လေး"

စစ်သွေး၏ခေါင်းကိုအနည်းငယ်ဖွပြီး ရယ်သွားသည့်အစ်မ။ ခြေထောက်ကိုဆေးစည်းပေးပြီး အစ်မက အခန်းထဲက ပြန်ထွက်သွားနေပြီ။

ဒေါက်_ဒေါက်

"ကိုယ်ဝင်လာမယ်နော် စစ်သွေး"

"ဝင်လေ ခင်ဗျားအခန်းပဲကို"

ကုတင်ပေါ်တွင် ဖုန်းအကြည့်မပျက်ဘဲ ပြန်ဖြေလာသည့်ကောင်လေးက ရိုက်ပစ်ချင်စရာလေး။ သူ့ကုတင်ခြေရင်းသို့တင်ပါးလွှဲထိုင်လိုက်ပြီး

"ခြေထောက်သက်သာလား"

"အင်း ဘာမှမဖြစ်ဘူး"

"တစ်ခုခုလိုအပ်ရင် ကိုယ့်ကိုပြောနော်။ ကိုယ်တိုင်မထနဲ့"

ဖုန်းscreen မှာစာရိုက်နေသည့်လက်ချောင်းလေးတွေ ခဏရပ်သွားသည်။ အသက်ပြင်းပြင်းတစ်ချက်ရှုထုတ်လိုက်ပြီး ကောင်လေးရဲ့မျက်နှာကမော့လာသည်။

"ကျေးဇူးပဲ"

စိုင်းကာရန်ကိုမကြည့်ဘဲ တစ်ဖက်ပြတင်းပေါက်ကိုအကြည့်လွှဲကာ တိုးတိုးလေးထွက်လာသောအသံက ကာရန့်ကိုပြုံးစေရန်အထိလုံလောက်သည်။

သခင့်ဝိုင် [Master's Wine]Where stories live. Discover now