Part-19

1.5K 94 8
                                    

Unicode

"သခင့်ဝိုင်"

"ဗျာ"

"ဆွဲခြင်းကော"

"ဟင်.!"

"ကိုယ်မေးနေတာ ထမင်းချိုင့်ဆွဲခြင်း"

"ဟို..ဆွဲ..ဆွဲခြင်းက ဟိုဟာ..ကျောင်း..ဟုတ်တယ် ကျောင်းမှာမေ့ကျန်ခဲ့တယ်"

"ကျောင်း.?"

"ဟုတ်ကဲ့ ကျောင်း...ကျောင်း ဆင်းတော့မေ့ကျန်ခဲ့တာ"

"အင်း မနက်ဖြန်မှပြန်ယူလာခဲ့။ ရေသွားချိုးပြီး ထမင်းလာဆင်းစား"

"ဟုတ်ကဲ့"

သခင့်ဝိုင်တစ်ယောက်အတွေးပေါင်းစုံနှင့်တိုင်ပတ်နေလေပြီ။ အပျော်လွန်ပြီး Hotel မှ check out လုပ်ရာတွင် ဆွဲခြင်းမေ့ကျန်ခဲ့ခြင်း။

POV: *ဘယ်လိုလုပ်ရပါ့မလဲ အဲ့တာနဲ့သခင်က ငါကျောင်းလစ်တာသိကုန်တော့မယ် သေသာသေလိုက်ပါတော့ သခင့်ဝိုင်ရယ်*

ရေချိုးနေရင်း မှန်ထဲမှပေါ်နေသောသူ့ပုံရိပ်ကိုသူစကားပြန်ပြောနေရင်း တိုင်ပတ်နေသောသခင့်ဝိုင်။

POV: *လုပ်ရဲရင်ခံရဲရမှာပေါ့ သခင့်ဝိုင် ဖိုက်တိုး*

ရေအမြန်ချိုးကာ အိမ်နေရင်းချည်ဝမ်းစက်တစ်စုံကိုထုတ်ဝတ်လိုက်သည်။ ရှမ်းရိုးရာအရောင်ဖြစ်သည့် ချည်ဝမ်းစပ်လေးက သခင့်မာမီလက်ဆောင်ပို့ပေးထားခြင်းဖြစ်သည်။ ကြာချည်စစ်စစ်ဖြင့်ရက်လုပ်ထားသည်ဟုလည်းဆိုသည်။ အသားဖွေးသည့် သခင့်ဝိုင်နှင့်တော့ ဒီအရောင်လေးက သိပ်ကိုလိုက်ဖက်ညီသည်။

"သခင်"

ထမင်းစားပွဲတွင် သခင့်ဝိုင်အတွက် ငါးအရိုးနွှင်ပေးနေသော မင်းဆက်။ ခေါ်သံကြောင့် လုပ်လက်စကို အာရုံလွှဲကာ မော့ကြည့်တော့ ပုံစံတစ်မျိုးလေးဖြစ်နေသည့် သခင့်ဝိုင်ကြောင့် မင်းဆက် ခဏမျှငေးခနဲဖြစ်သွားသည်။

ဖြူဖွေးသည့်အသားအရည်၊ ပင်လယ်ပြာရောင်မျက်ဝန်းတွေ၊ ဆံနွယ်ဖြူတွေ မင်းဆက်၏ရိုးရာဝတ်စုံလေးနှင့် သိပ်ကိုလှပတဲ့ကောင်လေး။ ဒီကောင်လေးဆီကနေ ရုန်းထွက်ဖို့ဆိုတာမဖြစ်နိုင်တဲ့ကိစ္စရပ်တစ်ခုမှန်းမင်းဆက်သိလိုက်သည်။

သခင့်ဝိုင် [Master's Wine]Where stories live. Discover now