Part-7

1.7K 79 5
                                    

Unicode

စနေနေ့ စာတူတူကျက်မည်ဆိုပြီး မဒီတို့၏အိမ်ကိုတစ်ဖွဲ့လုံးရောက်နေကြသည်။

"Yay..! ဒီနေ့က Super Saturday"

"ငါတော့ Super Sunday ဆိုတာပဲကြားဖူးတယ်"

ထက်ဦးရှိန်၏ စကားကို ခေါင်းကုတ်ကာ နားမလည်သလို ပြန်ပြောလိုက်သောပင်လယ်ဝိုင်။

"ဪ ဝိုင် မင်းကမသိသေးတာ။ ခဏနေ လာမဲ့ guide လာပြမဲ့ အစ်မက ဟေသာငြိမ်းတဲ့"

ထက်အောင်ရှိုင်းက စာပြန်နွှေးနေတာကိုရပ်ပြီးဝင်ပြောပြလေသည်။

"အင်း"

"ထက်ဦးရှိန်ရဲ့ crush ပေါ့။ အဲ့တာကြောင့် စနေနေ့တိုင်းက ထက်ဦးရှိန်အတွက် Super Saturday ဖြစ်နေတာ"

"ဟမ်..."

"မောင့်နာမည်နဲ့ပြည်သူတွေက ဟေသာ့ကို ချစ်တယ်"

ရုတ်တရက်အသံကြောင်ဖြင့် သီချင်းထဆိုသော ထက်ဦးရှိန်။

"Guide ကအသက်မကြီးသေးဘူးလား"

"ဟ..ပင်လယ်ဝိုင်..ငါ့ရဲ့ငြိမ်းက (၂၂)နှစ်ပဲရှိသေးတာ"

"ငါတို့နဲ့(၆)နှစ်ပဲကွာတာပေါ့"

"အေး မောင့်ရဲ့ငြိမ်းပေါ့..။ ကဲကဲ စကားမပြောတော့ဘူး ငြိမ်းရောက်လာလို့စာမေးရင် အကုန်ရနေအောင်ပြန်နွှေးဦးမယ်"

အစ်မဟေသာငြိမ်းက ဓာတုနှင့် Bio ကို Guide ပြန်လုပ်ပေးတာဖြစ်သည်။

"ဟဲ့ ဝိုင် ဘာတွေတွေးနေတာလဲ"

အဖွဲ့၏ ဒုတိယသာလိကာ ဝတီရှိုင်းပင်။ ထက်အောင်ရှိုင်းကတော့ ပြတင်းပေါက်နားမှာ ထူးမြတ်ထယ်စာဆိုခိုင်းသမျှဆိုပြနေရသည့်အတွက် စကားလာမများနိုင်ခြင်း။

"ဘာမှမဟုတ်ပါဘူး
ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲတွေးနေတာ"

"နင်တစ်ခါမှ မချစ်ဖူးဘူးလား"

"ဘယ်လိုခံစားမှုမျိုးကိုအချစ်လို့သတ်မှတ်သလဲဆိုတာမသိတာ"

"ဪ..."

"နင်ကကော ချစ်ဖူးလို့လား ဝတီ"

"ဒါပေါ့ ငါ့ကောင်လေးတွေကိုနေ့တိုင်းချစ်ပေးနေရတာ။ စာအုပ်ထဲကကောင်လေးတွေကော။ပြီးတော့ တစ်ကမ္ဘာလုံးကဆင်တဲ့လူမှန်သမျှ ငါချစ်တယ်"

သခင့်ဝိုင် [Master's Wine]Where stories live. Discover now