အပိုင်း (၁)

33.9K 934 26
                                    

U+Z

အမြန်လမ်းမပေါ်မှာ မော်ဒယ်မြင့်ကာတစ်စီးပြေးလွှားနေသည်။ ကားတွင်းမှာမောင်းသူတစ်ယောက်ပဲရှိပြီး မောင်းသူရဲ့မျက်နှာက စိတ်လှုပ်ရှားနေတာကြောင့် မျက်တောင်တစ်ဖျတ်ဖျတ်ခက်နေပြီး လည်စိက လှုပ်ရှားနေ၏။ ရှပ်အင်္ကျီလက်ရှည်ကိုဝတ်ထားပြီး ကျယ်သီးတွေက လည်ပင်းအထိအပြည့်တပ်ထားသလို လက်ရှည်ကိုလည်းလက်ဖျားအထိကျယ်သီးပြည့်တပ်ထားတာဖြစ်သည်။ နှုတ်ခမ်းမွှေးနေရာကစိမ်းဖန့်နေပြီး နှာတံပေါ်ပေါ်မှာ မျက်မှန်ကအံဝင်ခွင်ကျဖြစ်နေပြီး ပါးလျတဲ့နှုတ်ခမ်းကပိရိသေသပ်နေ၏။

သူက ကားမောင်းနေရင်း အန္တရာယ်မဖြစ်စေရန် သူ့အာရုံတွေက စီယာတိုင်(steering) ကိုင်ထားတဲ့လက်ပေါ်မှာ စူးစိုက်ထားသလို၊ နောက်ကြည့်မှန်နဲ့ ဘေးဝဲညာကိုလည်း အာရုံစိုက်ထားသည်။ သူ ဒီခရီးကိုအမြန်ရောက်ချင်နေတော့သည်။ သူ့မှာ ချစ်ရတဲ့သူငယ်ချင်းနှစ်ယောက်ရှိခဲ့တာဖြစ်၏။ ချစ်ရတဲ့သူငယ်ချင်းနှစ်ယောက်က မိဘတွေဆီက‌နေဝေးရာထွက်ပြေးသွားပြီး သူ့ဆီဆက်သွယ်လာတာ သိပ်မကြာသေးပေ။ သူတို့သုံးယောက်က သက်တူရွယ်တူတွေဖြစ်ကာ အခုနှစ်ဆို အသက် ၂၀ ပြည့်ပြီးပြီဖြစ်၏။

ဧရာဝတီတိုင်းမှကြိုဆိုပါ၏ကိုကျော်လွန်လာပြီဖြစ်ကာ ပုသိမ်ဘက်ကိုချိုးပြီးခဲ့ပြီဖြစ်သည်။ ဧရာဝတီတိုင်းမှာ သူတို့နေထိုင်တယ်လို့ကြားတုန်းက သူမယုံနိုင်ခဲ့ပေ။ မိဘတွေနဲ့ဝေးရာထွက်ပြေးတဲ့ သူငယ်ချင်းနှစ်ယောက်က ဧရာဝတီတိုင်းဘက်ကိုတော့ ထွက်ပြေးမှာမဟုတ်ဘူးလို့ တထစ်ချယုံကြည့်ခဲ့လို့ဖြစ်သည်။

တီတီတီ...

အရှိန်နဲ့မောင်းလာတဲ့အခြေအနေမှာ ဖုန်းဝင်လာပြီးသူဖုန်းကိုင်လိုက်သည်။ ရောက်ရှိနေတဲ့နေရာကို GPS ကကြည့်ပြီးပြောပြတော့ သူငယ်ချင်းက လမ်းညွှန်ပေးကာ ရောက်တော့မယ်လို့ဆိုလာ၏။ သူ ကားကိုအရှိန်လျော့ကာ လမ်းညွှန်တာကိုကြည့်လာပြီးနောက်ဆုံးမှာ လမ်းမပေါ်ထွက်ကာ သူလာတာကိုမျှော်ကြည့်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကိုတွေ့ရတော့သည်။ သူငယ်ချင်းမလေးမှာ မြင်သာနေပြီဖြစ်တဲ့ ဗိုက်ကလေးတစ်လုံးတောင် ပိုင်ဆိုင်နေပြီဖြစ်၏။

YOU ARE MY DESSERT [Complete] U+ZWo Geschichten leben. Entdecke jetzt