အပိုင်း (၁၀)

7.8K 428 23
                                    

U+Z

သော် အိပ်ရာမနိုးခင်ထဲက ရောက်နေတာလားမသိတဲ့ လူတွေက ဧည့်ခန်းထဲမှာ အများအပြားရှိနေသည်။ သော် သူတို့ကို တစ်ခါမှတောင် မတွေ့ဖူးဘူးဖြစ်နေ၏။ သော့်ရင်ထဲ ထိတ်သွားတာက အန်ကယ်သော်များ တစ်ခုခုရှိနေတာလား။ သို့ပေမယ့် အဲ့လိုလည်းမဟုတ်နိုင်တာက သူတို့ဘက်မှာ အန်ကယ်သော်နဲ့ရွယ်တူ မိန်းကလေးကို မမြင်မိတာကြောင့် သူစိတ်အေးရသည်။ ပြီးတော့ သူဝင်လာထဲက အားလုံးကို သူ့ကို ဂရုဏာမျက်လုံးနဲ့ကြည့်နေကြတာဖြစ်သည်။ သော် ဖေဖေ့ဘေးသွားထိုင်တော့ မေမေကပါ သူ့အနားကို တိုးကပ်လာသည်။

"ဖေဖေ ဘယ်သူတွေလဲ"

"အင်း သား အမျိုးတွေ"

"ဟင်!"

အန်ကယ်သော့်ကိုကြည့်တော့ ကြည်လင်နေတဲ့ မျက်နှာထားနဲ့ဖြစ်နေတာကြောင့် ဒါ သူ့ကို စ နောက် နေတာမဟုတ်မှန်း သော် သိလိုက်သည်။ ဒါဆို ဘာလဲ ဖေဖေနဲ့မေမေရဲ့အိမ်ကလား။ ဘာဖြစ်လို့ အခုမှ လာကြတာလဲ။

"အန်ကယ်သော်"

"အင်း ဒီဘက်က သော်လေးဖေဖေဘက်၊ ဒီဘက်က သော်လေး မေမေဘက်"

လွန်း သူ့ကိုကြည့်ကာ ခေါ်လာတဲ့သော်လေးကို ရှင်းပြလိုက်သည်။ သော်လေးရဲ့ မျက်ခုံးတွေက တွန့်ချိုးနေ၏။ သူလည်း ဘာမှမတတ်နိုင်။ ဒီလူတွေက သွေးသားတော်စပ်နေတော့ ကိုယ်ကတားဆီးလို့မှ မရပဲ။

"သော်ရှိနေတာ အခုမှသိတာလား"

"ဖွားဖွားတို့ သိတာ လပိုင်‌လေးပဲရှိပါသေးတယ် မြေးလေး"

သာထက်မေမေက သော်လေး‌ကိုဖြေပေးရှာသည်။ သာထက်နဲ့မျက်နှာပေါက်ဆင်တဲ့ သူ့မြေးက သွေးစကားပြောသည်ထင်၏။

"ဖေဖေနဲ့မေမေ ကို ဘာဖြစ်လို့သဘောမတူတာလဲ"

သော်လေးက သူထင်ထားသလို မကြည့်ချင်ဘူး ဘာညာမပြောပေ။ သူသိချင်တာကိုတစ်ခုချင်းဆီမေးနေသည်။ မျက်နှာကတော့ သော်လေးရဲ့ထုံးစံအတိုင်း တည်တံ့နေ၏။

"မရှိတဲ့သူတွေအကြောင်းကို မပြောတော့နဲ့၊ အခု အဖွားတို့က အဖွားတို့သွေးသားကို အတူတူနေရအောင် လာခေါ်တာ"

YOU ARE MY DESSERT [Complete] U+ZDonde viven las historias. Descúbrelo ahora