နောက်ဆုံးပိုင်း

15.7K 469 35
                                    

U+Z

"အန်ကယ်‌သော် အောင်အောင် ဖေဖေ့ကိုယ်စား တောင်းပန်ပါတယ်နော်"

"ရပါတယ် အောင်အောင်လေးရယ်၊ အန်ကယ်သော့် တူလေးက လူကြီးလေးကို ဖြစ်နေတာပဲ"

"ဟုတ် သော်သော်ရော"

"ရှိတယ် အခုဏလေးမှ ရေချိုးခန်းဝင်သွားတာ"

"ဟုတ်လား သူ အများကြီး စိတ်ဆိုးနေတာလား"

"သော်လေးက ဒီလိုပါပဲ၊ ဘာမှမဖြစ်ဘူး"

တူလေးက ပြန်လာတာနဲ့သူတို့ကိုလာတွေ့တာ။ သူ့ကို ရောက်ထဲက အစ်ကိုကြီးလုပ်တဲ့အတွက် တောက်လျှောက်တောင်းပန်နေတာ။ ကလေးတွေက သိပြီး လူကြီးတွေက မသိတာခက်နေတာပေါ့။ လွန်းဆို အခုဟိုဘက်နဲ့ဒီဘက်အလုပ်တွေကို မျှလုပ်နေရပြီး ဖေဖေ့ကိုအနားယူခိုင်းလိုက်သည်။ မမလတ်ကတော့ သူနဲ့အတူတူ ဖေဖေ့အလုပ်တွေကိုကူသည်။

"တီနွယ်ရော နေကောင်းလား"

"ဖွားဖွားက ပျော်နေတာ၊ တီလေး ကလေးမွေးရင် ပြန်လာမယ်တဲ့"

"အင်း ကလေးက ဖွားဖွားတို့နဲ့အတူတူနေတာလား"

တကယ်ဆို အောင်အောင်လေးသွားတုန်းက သော်လေးက သူ့ကိုကားတင်ပြေးတဲ့ရက်အတွင်းဖြစ်နေတော့ လိုက်လဲမပို့ရပဲဖြစ်သွားတာ။ အဲ့နောက်မှာ ကလေးက ဟိုမှာ သူ့အဖွားတွေနဲ့အတူနေလား၊ တစ်ယောက်ထဲနေလား ဘာမှမသိခဲ့ရပဲဖြစ်နေပြီး အခုမှမေးနေရတာဖြစ်သည်။

"ဖွားဖွားတို့နဲ့အတူတူမနေပါဘူး၊ အားတဲ့အချိန်တော့ အောင်အောင် ဖွားဖွားတို့ဆီသွားတယ်လေ"

"ကျောင်းက ပိတ်ရက်မရှိတာလား"

"မဟုတ်ဘူး အချိန်ပိုင်းလုပ်နေလို့"

လွန်း တူလေးကိုတော့တကယ်ချီးကျူးသည်။ တူလေးက အစ်ကိုကြီးနဲ့မတူတာကိုပဲ ဝမ်းသာရမှာ။ အစ်ကိုကြီး မိန်းမကတော့ မိသားစုကိစ္စလည်း အရမ်းဝင်မစွက်ဖက်ပဲ နေသာသလိုနေသည်။ ဒါပေမယ့် ယောက်ျားဖြစ်သူ အစ်ကိုကြီးဘက်မှာတော့ရှိသည်။ သူတို့နဲ့အစ်ကိုကြီးနဲ့ ပြဿနာဖြစ်ရင် မှားတာမှန်တာ မစဉ်းစားပဲ အစ်ကိုကြီးဘက်မှာရှိသည်။ ကလေးကပဲ ထူးပြီး အထူအပါးနားလည်၊ မိသားစုကို ချစ်တဲ့သူဖြစ်လာတာ။ အခုလည်း မိဘက လိုသလောက်ပို့နိုင်ပေမယ့် အချိန်ပိုင်းလုပ်နေတယ်တဲ့လေ။ ဘယ်လောက်တော်လိုက်လဲ။

YOU ARE MY DESSERT [Complete] U+ZOù les histoires vivent. Découvrez maintenant