အပိုင်း (၃)

9K 528 9
                                    

U&Z

"အန်ကယ်သော် သားဒီနေ့အတန်းထဲမှာ ဒီဘွဲ့ရခဲ့တယ်"

ညနေရုံးဆင်းပြီး အိမ်ပြန်ရောက်တာနဲ့သူ့ရဲ့အမောပြေလေးရဲ့အသံလေးကိုကြားရတော့သည်။ သူကားရောက်လာထဲက အိမ်ထဲကနေ စာလိပ်လေးကိုကိုင်ကာပြေးထွက်လာတာဖြစ်ပြီး ကားတံခါးဖွင့်တာနဲ့ဒီအသံလေးက နားထဲဝင်လာတော့သည်။ လေးဖေလို့ သူအမြဲသုံးနှုန်းနေတာတောင် သော်လေးက သူ့ကိုအန်ကယ်သော်လို့ခေါ်လာသည်။ ဒါက လက်ပွန်းတတီးနေရတဲ့ မေမေ့လက်ချက်ပင်။ သားအန်ကယ်သော်ရလေနဲ့ တစ်ရက်တစ်ရက် သူ့ကိုအန်ကယ်သော်လို့ သုံးနှုန်းနေတာကိုသားကနားစွဲသွားပြီး အန်ကယ်သော်ဖြစ်သွားတာ။

"သားကဘွဲ့ရခဲ့ပြီလား အန်ကယ်သော့်ကိုပြပါအုန်း"

"ဒီမှာဒီမှာ"

အိမ်ပေါက်ဝမှာတင်အချစ်နလန်ထနေတဲ့ သားနှစ်ယောက်ကိုဒေါ်လွန်းဖြူ ဘာမှပြောမရပဲလွှတ်ထားလိုက်ကာ အစ်ကို့အိတ်ကိုယူလိုက်ပြီးအခန်းထဲသွားထားရသည်။ ယောက်ျားဖြစ်သူ အပြင်ကပြန်လာတာပြီး ခဏကြာရေချိုးဖို့ အဝတ်အစားထုတ်အားလုံးလုပ်ပေးရသည်။

"သော်လေးက တော်လိုက်တာကွာ"

"တော်ရင် ဆုချ"

"ဘာလိုချင်လဲ အန်ကယ်သော့်ကိုပြော"

"သား အားဝါးပေးမယ်"

"အန်ကယ်သော့်ဆီကယူမှာမဟုတ်ဘူးလား"

"ယူမှာ၊ သားလဲပေးမှာ"

လွန်းရယ်လိုက်သည်။ သားကအခုအလယ်တန်းတောင်ရောက်နေပြီး သူက အသက် ၃၁ နှစ်ထဲတောင် ဝင်နေပြီဖြစ်သည်။ သော်လေးက သူ့ရှေ့ကိုပါးလေးဖောင်းပေးလာ၏။ လွန်း ပါးဖောင်းဖောင်းလေးကို နှာခေါင်းနစ်အောင်နမ်းပေးလိုက်တော့ သော်လေးကသွားတွေပေါ်အောင် သဘောကျစွာရယ်သည်။ ပြီးတာနဲ့ သူ့ပါးပေါ်ရောက်လာတဲ့ သော်လေးပြောတဲ့အာဝါးက ရောက်လာတော့၏။

"ကဲ ချီကြည့်အုန်းမယ် လာပါအုန်း...အိုး ကိုယ်လေးက တစ်လာပြီ"

"မေမေက ထမင်းတွေအများကြီးကျွေးတယ် အန်ကယ်သော်"

"ကဲ ကျမက သင့်တင့်ရာကျွေးတာပါ၊ လာ မေမေနဲ့ကျန်ခဲ့ အန်ကယ်သော်က ရေချိုးရအုန်းမယ်"

YOU ARE MY DESSERT [Complete] U+ZDonde viven las historias. Descúbrelo ahora