U+Z
အရေးတကြီးထွက်သွားတဲ့ သားလက်ထဲမှာ မွေးကင်းစကလေးတစ်ယောက်ပါလာသည်။ ဒေါ်လွန်းဖြူ တခြားမမေးနိုင်သေးဘူး သားလက်ထဲက ကလေးကိုချီပြီးနို့မှုန့်တိုက်ဖို့လုပ်ရသည်။ သားက သူ့လက်ထဲက ကလေးကိုသူ့လက်ထဲကိုလွှဲပေးပြီးတာနဲ့ကားထဲက နို့မှုန့်တွေပါ ထပ်ထုတ်လာသည်။
အဲ့အဲ့~~~
"မေမေ မြန်မြန်လုပ်ပါ၊ သားလေး ဆာနေပြီ"
သားကိုဘယ်က ကလေးလဲ ဘာညာမေးချင်ပေမယ့် မေးရမယ့်အခြေအနေမရောက်သေးပဲ နို့မှုန့်ဖျော်နေတာကို အေးအောင်အလျင်စလိုလုပ်ရသည်။
"မေမေ့ကိုပေး"
လွန်း မေမေ့လက်ထဲသားကိုထည့်ပေးလိုက်တော့ မေမေကသားကိုသေချာနို့တိုက်ပေးသည်။
"သား"
"ဖေဖေ"
လွန်း ထရပ်မိသွားသည်။ ဖေဖေက အပြင်ကပြန်လာတာနဲ့သူ့ကိုခေါ်ပြီးဝင်လာတာဖြစ်ကာ သူနဲ့ကလေးတစ်ယောက်ပါလာတာက ဖေဖေသိသွားလောက်ပြီဖြစ်သည်။ ဖေဖေကသူ့ကိုကြည့်ပြီး မေမေ့လက်ထဲကသားကိုကြည့်ကာဝင်ထိုင်သည်။
"ကလေးက ကျန်းမာရေးကောင်းရဲ့လား"
"ကောင်းပါတယ် ဖေဖေ၊ ၇ လနဲ့မွေးတာပါ"
"နာမည်ပေးပြီးပြီလား"
"ဟုတ်ကဲ့ ဆေးတမာသော် လို့ပေးထားပါတယ်"
ဦးမြတ်သော် ခေါင်းပဲငြိမ်ပြမိသည်။ ကလေးနာမည်မှာ သားနာမည်ကကပ်ပါနေသည်။ ဖြူ ဖုန်းဆက်ပြီး မေမေကလာခဲ့အုန်းလို့ခေါ်နေတာကြောင့် သူမေမေ့ဆီရောက်နေတာဖြစ်ကာ သားအကြီးဖြစ်သူ မြတ်သော်က က 'ဖေဖေ့ နောက်မိန်းမသားက ဘယ်မိန်းမနဲ့ရမှန်းမသိတဲ့ကလေးနဲ့ ပြန်ရောက်နေပြီ' ဆိုပြီးရယ်ကာဖုန်းဆက်ပြောလာတာဖြစ်သည်။ သူ ကြားကြားချင်း ချက်ချင်းပြန်ခဲ့တာဖြစ်၏။
"ကလေးက သားရဲ့ကလေးလား"
"မဟုတ်ပါဘူးဖေဖေ၊ ကျွန်တော့်ကလေးမဟုတ်ပေမယ့် ကျွန်တော့်ကလေးလိုပါပဲ"
"ထိုင်လေသား"
"ဟို ဖေဖေ၊ ကျွန်တော်တာဝန်ယူပါရစေ"
ESTÁS LEYENDO
YOU ARE MY DESSERT [Complete] U+Z
RomanceLoon Myat Say Yar Thaw Ssayy Ta Mar Thaw 20th Creation