အပိုင်း (၂၆)

6.5K 403 27
                                    

U+Z

သူတို့အခန်းထဲမှာတင် ခေါင်းချင်းဆိုင်တာမဝလို့ အစည်းအဝေးခန်းထဲကိုပါလာပြီး ခေါင်းချင်းဆိုင်နေတဲ့ ဒီလင်နှစ်ယောက်ကြောင့် ကောင်းစံစိတ်ညစ်တာပဲသိတော့သည်။ ဆေးတမာသော်က ကိုလွန်းမြတ်စေရာသော်ကို တော်တော်ချစ်တယ်လို့ သူထင်ခဲ့တာ။ တကယ်တမ်း ကိုလွန်းမြတ်စေရာသော်က ဆေးတမာသော်ကို ကလေး ကလေးနဲ့ နှုတ်ကမချပေ။ တစ်ခါတစ်လေ အပြင်လူမပါပဲ သူတို့နှစ်ယောက်နဲ့ အလုပ်ကိစ္စဆွေးနွေးတဲ့တိုင်ပင်တဲ့အချိန်မျိုးဆို ကောင်းစံ ထွက်ပြေးချင်တာပဲသိသည်။ တမင်ခေါ်တာမဟုတ်ပဲ သူရှိနေတာကို သိပေမယ့် သူ့ကိုရင်းနှီးနေတာကြောင့် ဘေဘီ ကလေးနဲ့ တစ်ယောက်နဲ့တစ်ယောက် လှည့်ပတ်ခေါ်ပြီးပြောနေကြတာဖြစ်၏။

"ကိုကောင်းစံ ဘေဘီ ဘယ်သွားတာလဲ"

"Toilet ဘက်ထင်တာပဲ"

"ဘေဘီကလည်း ပြောမသွားဘူး"

ပြောမသွားရင် နှစ်ယောက်တွေ့မှာမေးပါလား။ အခုတော့ မတွေ့တာနဲ့ပဲသူ့ကိုလိုက်မေးနေသည်။ မေးတော့လည်း ဘေဘီ ဘေဘီနဲ့ ရည်းစားတောင်မထားနိုင်တဲ့သူ့မှာ ငိုချင်နေတော့တာပဲသိသည်။

"ကိုကောင်းစံ သော့်ကို အခု telecom project လေးပြပါအုန်း၊ database က တစ်ဝက်ရောက်နေပြီထင်တယ်နော်၊ ကုန်ကျစရိတ်လည်း သိချင်တယ်"

ကောင်းစံ Telecom project ဖိုင်ကိုယူပြီး အသုံးစရိတ်နဲ့စတော့လက်ရှိတွေကို ပြရသည်။

"ဘာတွေလဲ ကလေး"

တွေ့လား ကောင်းစံပြောပါတယ်။ Toilet ကပြန်လာတော့လည်း တစ်ယောက်က ကလေးတဲ့။ သူတို့တွေ သူ့ကိုမြင်ကိုမမြင်တော့တာ။

"ဒီမှာ telecom project ကိုတောင်းကြည့်နေတာ၊ မနက် စိုက်ထဲခဏသွားကြည့်လိုက်အုန်းမယ်"

"ကလေးကိုယ်တိုင်လိုက်ကြည့်မလို့လား၊ တစ်ယောက်ကိုကြည့်ခိုင်းလိုက်လေ"

"ကိုယ်တိုင်ပဲ လိုက်ကြည့်လိုက်တော့မယ်၊ တစ်ဖက်က customer လာမယ်ဆိုတော့ သူတို့နဲ့လည်းစကားပြောချင်လို့"

"အင်း ကိုယ်မလိုက်တော့ဘူးနော်"

"မလိုက်နဲ့ ပင်ပန်းတယ် ကျန်ခဲ့၊ သော် တစ်ယောက်ထဲသွားလိုက်မယ်"

YOU ARE MY DESSERT [Complete] U+ZDonde viven las historias. Descúbrelo ahora