U+Z
"ကျွန်တော်တို့ ကလေးက ဒီလိုမိုက်ရူးရဲဆန်ပြီးလုပ်တာကို မထိန်းနိုင်တဲ့အတွက် တောင်းပန်ပါတယ် နောက်ထပ် ထပ်မဖြစ်စေရဘူးလို့လဲ ကတိပေးပါတယ်"
မေသူ့အဖေက ဖွားဖွားသက်စုကို တောင်းပန်နေတာဖြစ်သည်။ သူတို့ဆိုက်ထဲကကိစ္စအကြောင်းစုံကို သိသွားတာကြောင့်ဖြစ်သည်။ မတော်တဆဖြစ်တာကို ကိုယ့်ကိုကိုယ်အထိခိုက်ခံပြီး သူတို့အိမ်ထောင်ကို ဖျက်ဆီးချင်နေတာ။ သော် ဒီလိုတွေသိရတော့ တော်တော်အံ့ဩသွားသည်။ ပြီးတော့ အန်ကယ်သော်ကို နောက်ဆုတ်ဖို့တောင် ပြောခဲ့သေးတာတဲ့။ အန်ကယ်သော်က သူ့ကိုဒီလိုတွေဖြစ်နေတာကို တကယ်ပဲ ဘာမှကိုပြောမပြဘူး။ တစ်ယောက်ထဲ ဖြေရှင်းနေတာ။ ဘယ်လောက်တောင်စိုးရိမ်ပူပန်နေမလဲ။ အဲ့ဒါကြောင့် သူ့နောက်ကိုလိုက်လိုက်လာတာ။
ချစ်ရသူက မရှင်းချင်ဘူး ထားလိုက်တော့ဆိုကာ အခန်းထဲက အပြင်တောင်မထွက်။ သူကတော့ ဒီကိစ္စတွေကို ဒီအတိုင်းမထားနိုင်တာကြောင့် ဖြေရှင်းဖို့လုပ်တာ။ ဖွားဖွားတို့က သူ့ကိုတားပြီး လူကြီးအချင်းချင်းပြောဆိုမယ်ဆိုလို့ သူကြည့်နေတာ။ ပုံစံမဟုတ်လို့ကတော့ သူ ထသောင်းကြန်းပစ်အုန်းမှာ။ မေသူကိုကြည့်လိုက်တော့ လုပ်တုန်းကလုပ်ပြီး အခုမှ လာငိုပြနေသည်။ သူ ဒီလိုလူတွေကို တကယ်မကြိုက်ဘူး။
"သော် တို့လုပ်စရာရှိတာပဲ လုပ်မယ်ဖွားဖွား"
"မြေး"
"အန်ကယ်တို့က ဒီက ကလေးကိုတောင်းပန်ပါတယ်၊ သား သူငယ်ချင်းက မတွေးမခေါ်ပဲ သူ့ကိုယ်သူ ထိခိုက်ခံပြီး လုပ်လိုက်တာ၊ အဲ့ဒိအတွက် ဦးတို့က တောင်းပန်ပါတယ်"
"သော်လေး ငါ ငါတောင်းပန်ပါတယ်၊ ငါ အစ်ကို့ကိုရော တောင်းပန်ပေးရမလားဟင်"
"မလိုဘူး အခုမှ အပိုတွေမလုပ်ချင်နဲ့"
"ငါ တကယ်ပြောတာပါ ငါ လည်း ခြေထောက်ကောင်းသေးတာမဟုတ်ပါဘူး သော်လေးရယ်၊ ငါ တောင်းပန်ချင်လို့ လိုက်လာတာပါ"
"ခြေထောက်မကောင်းတာ နင့်ကိစ္စနဲ့နင်လေ၊ ဒါကို ထည့်ပြောနေစရာတောင် မလိုဘူး၊ နင် သေချာသိထားဖို့က လွန်းမြတ်စေရာသော်ဆိုတာ ဆေးတမာသော်ချစ်လွန်းလို့ ကားတင်ပြေးထားတဲ့သူဆိုတာ မှတ်ထား"
BẠN ĐANG ĐỌC
YOU ARE MY DESSERT [Complete] U+Z
Lãng mạnLoon Myat Say Yar Thaw Ssayy Ta Mar Thaw 20th Creation